အပိုင်း ၃၀ : ရုတ်သိမ်းခြင်း

1.2K 123 2
                                    

Unicode Version

ချန်ပိုင်ဝမ်က လေ့ကျင့်ရေးကို တိုးမြင့်လိုက်သည်။ တခြားသူတွေကတော့ သူက တော်တော်လေးကို တက်ကြွသည်ဟု ပြောကြသည်။ သူက ဒေါသတွေကို သူတစ်ပါးအပေါ် ပုံချလိမ့်မည်။ သို့သော် ချို့ယွင်းချက်တော့ရဗိလေသည်။ ခန်ေပိုင်ဝမ်၏ စိတ်အခြေအနေက စာကြည့်ဆောင်မှာဆို စိတ်မငြိမ်ဖြစ်နေတတ်သည်။ သူမပျော်ရင် စားပွဲကို ရိုက်သည်။ သူ့လက်အောက်သားတွေက ပုန်းရန်ကြိုးစားကာ ‌သူ့ကို ဒေါသမထွက်အောင် နေရသည်။

"အရှက်မဲ့လိုက်တာ!"

ချန်ပိုင်ဝမ်က စာအုပ်ကို ကြမ်းပြင်ပေါ် ပစ်လိုက်သည်။ သူစာဖတ်လို့ မရဘူး။ သူစိတ်က အခြေအနေမကောင်းဘူး။ သူက အရင်က ကိုယ်လုပ်တော်တွေအတွက် ဘာမှ ထွေထွေထူးထူးမလုပ်ခဲ့ဖူးဘူး။ ရှန်ယုကတော့ သူကြိုးစားတာကို အသိအမှတ်မပြုပဲ အေးအေးစက်စက် ဆက်ဆံတယ်။ ပြီးတော့ ရှန်ယုက သူနဲ့အတူတူ ညကို ကုန်ဆုံးဖို့ကိုလည်း ငြင်းပယ်သေးတယ်။ အရင်ဆိုရင် သူ့ကို ပစ်ခဲ့ပြီး အပျော်အသစ်ကို ရှာခဲ့မိမည်။

ဘယ်သူကမှ သူ့အရှေ့မှာ သူတို့ စိတ်ဓာတ်ကို မပြရဲဘူး။ ရှန်ယုကတော့ ချွင်းချက်ပေါ့။ သူ့ကို အခန်းအပြင်ကို မောင်းထုတ်တယ်။ အခုလိုမျိုး အရှက်ရတာကို တစ်ခါမှ မခံစားဖူးဘူး။

ကြည့်ရတာ ရှန်ယုက အရမ်းကို ဆိုးပြီး သူ့အားထုတ်မှုကို အသိအမှတ်မပြုဘူး။ ချန်ပိုင်ဝမ်က သူ့ကို ရက်အနည်းငယ်ကြာ လျစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့သည်။ ထိုအခါမှ သူဘာမှာမှားခဲ့တယ်ဆိုတာကို ပြန်သုံးသပ်လို့ ရမှာ။ သူသာ ဝန်ခံပြီး မတောင်းပန်မချင်း ချန်ပိုင်ဝမ် ဘာမှလုပ်မည်မဟုတ်ဟု ဆုံးဖြတ်ခဲ့သည်။ ချန်ပိုင်ဝမ် သူ့ကို ခွင့်မလွှတ်နိုင်ချေ။

"အရှင် သခင်မရှန်က အရှင့်ကို တွေ့ချင်လို့တဲ့"

"ယုအာက?"

ချန်ပိုင်ဝမ် စိတ်ပျော့သွားမိသည်။ သို့သော် စိတ်ထဲ ရှုပ်သွားသည်။

"ပြန်သွားဖို့ ပြောလိုက်!"

ချန်ပိုင်ဝမ်က သူ့ကို စိတ်ဆိုးတုန်း။ ရှန်ယုက လာပြီးတော့များ အပြစ်ကို ဝန်ခံမလို့လား?

Silent Lover (novel)Where stories live. Discover now