အပိုင်း ၂၇ : ဖျားနာချင်ယောင်ဆောင်ခြင်း

1.5K 130 4
                                    

Unicode Version

ရှန်ယုက ကျောက်စိမ်းပြားလေးကို ကြည့်ကာ သူ့ကိုယ်သူကို လက်ညိုးထိုးပြရင်း

"ကျမအတွက်လား?"

"ဟုတ်တယ် မင်းကြိုက်လား?"

ရှန်ယုကိုင်ကြည့်လိုက်သည်။ ကျောက်စိမ်းပြားလေးက လေးကာ ပြုတ်ကျမလို ဖြစ်သွားသည်။ သူက ထိုအရာကို သေသေချာချာကြည့်လိုက်သည်။ သူပုံက ဒီလိုကိုး။ မဟုတ်ဘူး။ ထိုကျောက်စိမ်းပြားလေးက နတ်ဘုရားကနေ ချီးမြောက်ထားတာပဲ။ သူပုံက ဒီလို မဖြစ်နိုင်ပါဘူး။

"အဲ့တာ ကျမမဟုတ်ဘူး"

ရှန်ယုက အနည်းငယ်ရေးကာ လက်ဟန်ပြ‌သည်။ ထိုအခါမှ မင်းသား ချန်ပိုင်ဝမ်က သူ့ကိာ နားလည်မည်။

"ဟုတ်တယ်။ အဲ့တာကို ပန်းချီဆရာက လုပ်ထားတာ။ ပန်းပုဆရာက ငါပြောတာကို နားထောင်ပြီး ပုံဖော်ထားတာ။ အဲ့တာက မင်းနဲ့ မတူဘူးပေါ့"

ချန်ပိုင်ဝမ်က ဆက်ကာ "ကြည့်။ ကျောက်စိမ်းပြားက ဖြူဖွေးနေပေမဲ့ မင်းရဲ့အသားလို နှင်းဆီရောင်သန်းမနေဘူး။ ဒီမျက်လုံးတွေကလည်း မင်းမျက်လုံးလို တောက်ပမနေဘူး။ ယုအာ မင်းမျက်လုံးလေးတွေက ကမ္ဘာမှာ အတောက်ပဆုံး အလှပဆုံးပဲ။ ကျောက်စိမ်းပြားလေးကတော့ လှပေမဲ့ မင်းက လမင်းလို တော်ပနေတယ်။ မင်းအဲ့ညက ကတုန်းက နတ်သမီးလေးလို အရမ်းလှတာပဲ"

ရှန်ယုက ချန်ပိုင်ဝမ်ကို ကြည့်ကာ သူ၏နွေးထွေးကြင်နာသောစကားများက သူ့နှလုံးသားကိုပါ နွေးထွေးစေသည်။ အဲ့တာက ချန်ပိုင်ဝမ်က သူ့ကို မြင်တဲ့ပုံလား?

"မစပါနဲ့တော့"

ရှန်ယုက ချန်ပိုင်ဝမ်ကို အဝေးကို တွန်းလိုက်သည်။ သို့သော် သူ့နှလုံးက ခုန်တာ မငြိမ်သေးဘူး။ ချန်ပိုင်ဝမ်၏နက်ရှိုင်းသော အကြည့်တို့ကို မခံနိုင်ဘဲ ထိုမျက်လုံးတွင်းထဲသို့ ပြုတ်ကျသွားကာ ပြန်မတက်နိုင်မည်ကို ကြောက်ရွံ့နေမိသည်။

"ငါ့ကို မယုံဘူးလား? ဒီစကားတွေကို ပန်းချီဆရာနဲ့ ပန်းပုဆရာကို ပြောခဲ့တုန်းကလည်း သူတို့မယုံနိုင်ဖြစ်ခဲ့တယ်။ သူတို့က ပြောတယ်။ ငါက ပုံကြီးချဲ့ပြောနေတာတဲ့။ ဘယ်လိုလုပ် လူတစ်ယောက်က အဲ့လို လှနိုင်မှာလဲတဲ့။သူတို့က မင်းကို မမြင်ဖူးလို့ပါ။ ယုအာ ငါ့ကို ရိုးရိုးသားသားပြော..."

Silent Lover (novel)Where stories live. Discover now