အပိုင်း (၅၉)

867 98 13
                                    

Unicode Version

အပိုင်း (၉၁) အကိုအား ကျေနပ်အောင် လုပ်ခြင်း

ရှန်ယု ချန်ပိုင်ဝမ် ပျောက်ကွယ်သွားသော ဘက်အား ဦးသုံးကြိမ် ချလိုက်သည်။

ပထမ တစ်ကြိမ်မှာ သူ့အား နေစရာ စားစရာ ဝတ်စရာနှင့် သူ့အား သင်ကြားပေးခဲ့သော အသိပညာတို့အတွက် အရှင်အား ကျေးဇူးတင်ခြင်း ဖြစ်သည်။

ဒုတိယတစ်ကြိမ်မှာ အရှင်က သူ့အား "မတူညီသော နေရာမှ မွေးဖွားလာသော်ငြား အတူတူ သေဆုံးခြင်း"နှင့် လက်ထပ်ခြင်း ဆိုသော ချိုမြိန်သော အိမ်မက်များကို ပေးခဲ့ခြင်းကြောင့် ကျေးဇူးတင်ခြင်း ဖြစ်သည်။

တတိယတစ်ကြိမ်မှာ အရှင့်အား "သူ့ခေါင်းကို ခေါက်ကာ နိုးထစေခြင်း" နှင့် "သူတို့ကြားရှိ ပတ်သက်ဆက်နွယ်မှုများကို ပယ်ဖျက်ပေးခြင်း" စသည့်အတွက် ကျေးဇူးတင်ခြင်း ဖြစ်သည်။

ရှန်ယု၏ အိတ်ထဲ၌ ငွေတုံးအကြီးတစ်တုံးရှိကာ ထိုငွေဖြင့် ဖုန်သာသာ ရှိသော သူ၏ ဂုဏ်သိက္ခာအား ပြန်လည်အဖက်ဆယ်ရန် ဖြစ်သည်။

အ,အကျွန်၌ သိက္ခာ ကြီးကြီးမားမား မရှိချေ။ သို့သော် အခုသူက အရင်ကသူ မဟုတ်တော့ချေ။

ချန်ပိုင်ဝမ်က သူ့အား ချစ်ခင်စဥ်က အရှင်က သူ၏ ကယ်တင်ရှင် ဖြစ်ကာ သူ့အား သူလိုသမျ ငွေကြေးကုန်ကျခံကာ ကာကွယ်စောင့်‌‌ေရှာက် ပေးသည်။ ထိုချစ်ခင်ခြင်းများ ပျောက်ကွယ်ပြီးသည့်နောက် ထိုသူက သူ၏ အိမ်မက်ဆိုးများ ဖြစ်လာကာ သူသည် ဘာမဟုတ်သော သူအဖြစ် စွန့်ပစ်ခံလိုက်ရသည်။

သူ အိမ်တော်က ထွက်လာသည့်အချိန်သည် မတ်လပိုင်းဖြစ်ကာ နွေးထွေးသော နွေဦး ရောက်လာကာ အေးစက်သော‌ ဆောင်းတွင်း ကျော်သွားပြီဖြစ်သည်။ ပန်းများက လှပစွာ ပွင့်ဖူးနေကြကာ ပန်းတို့၏ ရနံ့အား နေရာတိုင်း၌ ရနေသည်။

ရှုပ်ထွေးနေသော လမ်းမကြီးကို ကြည့်ရင်း ရှန်ယု မယုံကြည်နိုင်စွာ မျက်မှောင်ကြုံ့လိုက်သည်။ သူ၏ တည်ရှိမှုကို အချိန်တိုင်း ဖုံးကွယ်ထားရသည်။ အခုတော့ သူ၌ လွတ်လပ်မှု ရှိနေပြီဖြစ်ကာ သူသည် ကမ္ဘာအသစ်သို့ ဝင်ရောက်သွားသလိုပင်။

Silent Lover (novel)Where stories live. Discover now