အပိုင်း ၃၁ : အခမ်းအနား

1.1K 125 2
                                    

ရှန်ယု အိပ်ရာမှထကာ ရေချိုးပြီးနောက် အစေခံမိန်းကလေးတို့က ဝတ်ရုံလဲပေးလေသည်။ သူက အခမ်းအနားဝတ်ရုံကို ဝတ်ထားကာ ဆံပင်ကိုလည်း ထုံးထားသည်။ ထို့နောက် ရွှေရောင်အဆောင်အယောင်တို့ကိုလည်း အထပ်ထပ် ဝတ်ဆင်ထားသည်။ ထိုအရာများကြောင့် သူ့ကိုယ်က လေးလာလေလေ သူ့နှလုံးသားကလည်း လေးလာလေလေပင်။ သူက ချန်ပိုင်ဝမ်ကို တစ်ခါ လက်ထပ်ဖူးလေသည်။ ထိုအခါတုန်းက တက်ကြွသောအခမ်းအနားဖြစ်ခဲ့ပြီး အခုတစ်ခါမှာတော့ အရမ်းကို သာမန်ဆန်နေသည်။ 

ဆုန်ကျွင်းက ဘေးမှာ ရပ်နေကာ သူကတော့ အမြဲ မပြောင်းလဲပဲ ရှိနေသည်။ သူက သိပ်စကားမပြောပါ။ သူပြောလိုက်သောစကားတိုင်းကလည်း မှန်လွန်းနေသည်။ ဒီနေ့တော့ သူစကားစပြောလာသည်။

"အဲ့လို မလုပ်သင့်ဘူး"

ရှန်ယု သူ့စကားကို ကြားတော့ သူမျက်ခွံကို ပန်းရောင်မျက်နှာ‌ချေဖြင့် ချယ်သနေသည်။ ထိုအရာက သူ့ကို အရင်ကထက် မိန်းမပိုဆန်‌စေသည်။ ဆုန်ကျွင်း သသက်ပြင်းချမိသည်။

မင်းသားက သူ့ကို အရမ်း သဘောကျတာလည်း မဆန်းကြယ်ပါ။

"အရှင်က သခင်မကို ကာကွယ်ဖို့ ကိုယ်လုပ်တော်အဖြစ် ရွေးချယ်ထားတာ။ သူက ကာကွယ်လျင်လို့ပါ။ အရှင်က သခင်မကို အနီးကပ်ကာကွယ်ဖို့ ကျနော့်ကို တာဝန်ပေးထားပေမဲ့ ကျနော် မဆောင်ရွက်နိုင်ဘူး"

ရှန်ယု သိပ်နားမလည်။

"အရှင် အခုလိုမျိုး လူသားဆန်နေတဲ့ပုံကို မတွေ့ဖူးဘူး။ ကြည့်ရတာ မကြားဖူးဘူးလား? အရင်က ကိုယ်လုပ်တော် ကိုးယောက်က တကယ်တော့ ကိုးယောက်ထက် ပိုတာပေါ့ သူတိုက ဆင်းဆင်းရဲရဲ နေခဲ့ရတာ။ သူတို့က မင်းသမီးကြောင့် သေခဲ့ရတာ။ ချန်ပိုင်ဝမ်ကလည်း ဂရုမစိုက်ခဲ့ဘူး။ အလှအပဆိုတာ အကျီလဲဝတ်သလိုပဲ။ ရွေးလိုက်တဲ့ မိန်းကလေး အသစ်အသစ်တွေက ပိုပြီး ငယ်ငယ်လာပြီး ပိုပြီး လှလှလာတယ်။ ဒါပေမဲ့ သခင်မကတော့ ချွင်းချက်ပေါ့"

"သခင်မကို တရားဝင်ကိုယ်လုပ်တော်အဖြစ် ချီးမြောက်တာက အရှင်က သဘောကျလို့။ တခြားကစားစရာတွေနဲ့ မတူဘူးလို့ ဆိုလိုတာ။ အခုတော့ သခင်မက တော်ဝင်မျိုးရိုးနာမည်ကို ယူပြီး တော်ဝင်မိသားစု ဖြစ်လာတော့မှာ။ နောက်နှစ်တွေကြာလာရင် သခင်မကို တောင်ဝင်မျိုးနွယ်တစ်ယောက်အနေနဲ့ သိကြာမှာ။ တော်ဝင်အုတ်ဂူမှာ လှူဖွယ်တွေနဲ့အတူတူ မြုပ်နှံနိုင်မှာ။ သခင်မက... ဟင်း..."

Silent Lover (novel)حيث تعيش القصص. اكتشف الآن