အပိုင်း (၅၄) အလုပ်ရှင်

974 95 15
                                    

Unicode Version

"ဖြစ်ချင်တော့ မင်းက ဒီမှာ ပုန်းနေတာကိုး... မင်း ငါ့ကို လိုက်ရှာရအောင် လုပ်တယ်"

ဟုန်လျန်တစ်ယောက် ရှောင်ဟွားအဆောင်သို့ အကြိမ်များစွာ လာခဲ့သော်လည်း ရှန်ယုကို မတွေ့။ ထို့ကြောင့် ရှန်ယုနှင့် ဆုန်ကျွင်းတို့က သူ့ကို ရှောင်ဖယ်ကာနေသည်ဟုပင် တွေးခဲ့မိသည်။ ထို့နောက် သူ၏ အဆက်အသွယ်ကို အသုံးပြုကာ မေးမြန်းကာမှ ရှန်ယုမှာ ထင်းပုံတဲသို့ ရွှေ့ပြောင်းသွားသည်ကို သိလိုက်ရသည်။

သူမ ထိုအကြောင်းကို ကြားသောအခါ ကြင်ယာတော် မင်းသမီးမှာ အပျော်လွန်၍ ထခုန်လေသည်။ ဧကရာဇ် ယဲ့၏ သတိပေးချက်ကြောင့် သူမမှာ တချိန်လုံး လီကျင်းအဆောင်၌သာ နေနေရပြီး ချန်ပိုင်ဝမ်က သူမကို ကွာရှင်းသွားမည်ကို ကြောက်ရွံ့နေခဲ့ရသည်။ ထို့ကြောင့် သူမ၏ ဒေါသများက အချိန်ကြာမြင့်စွာ စုပုံနေချေပြီ။ ရှန်ယု၏ သတင်းကို ကြားပြီးချိန်၌ သူမက အူလှိုက်သည်းလှိုက် ရယ်မောကာ လည်ပတ်ရန် သွားသည်။

"ဟ ဟ ဟ အရှင်က ဘယ်လောက်ကြာကြာ မင်းကို သဘောကျနေဦးမှာလဲလို့ တွေးနေမိတာ... ကြည့်ရတာ မင်းကလည်း အရင်က နိမ့်ကျတဲ့ အစေခံတွေထက် မသာပါလား။ ကိုယ်လုပ်တော် ရင် အာ... ကိုယ်လုပ်တော်ရင်။ ကိုယ့်ကိုယ်ကို သိပ်အထင်မကြီးဖို့ ငါ မပြောခဲ့ဘူးလား? အခုတော့ မင်းကို ကြည့်ပါဦး မင်းနဲ့တန်တာကို ရတာပဲ"

ကြင်ယာတော် မင်းသမီးက ထင်းတဲအား ဝိုင်းပတ်နေသည်။ ဤနိမ့်ကျသောနေရာသည် သန့်သန့်ရှင်းရှင်း ဖြစ်နေကာ အမှိုက်များကိုပင် သပ်သပ်ရပ်ရပ်ထားထားသည်။ ပြတင်းပေါက်ထောင့်၌ သစ်သားကုတင်လေးတစ်လုံးကို ထားထားသေးသည်။ ရိုးရှင်းသော်ငြား သန့်ရှင်း သပ်ရပ်လှသည်။

ရှန်ယုကတော့ ကြင်ယာတော်မင်းသမီး၏ စကားများကို မကြားဟန်ပြုကာ သူ့အလုပ်ကိုသာ ဆက်လုပ်နေရင်း မကြာခင်က ခုတ်ထစ်ထားသော ထင်းချောင်းများကို တဲထဲ၌ စီနေသည်။ ထင်းပုံကြီးမှာ ‌မျက်နှာကျက်အထိ ရောက်လုရောက်ခင် ဖြစ်နေကာ ရှန်ယု ထိပ်သို့ မမှီနိုင်တော့ချေ။ သူ လှေကားကို ယူကာ သူ၏လုပ်ငန်းကို ပြီးစီးအောင် လုပ်လိုက်သည်။

Silent Lover (novel)Where stories live. Discover now