အပိုင်း (၄၆) ပျောက်ဆုံးခြင်း

836 80 17
                                    

Unicode Version

"ရွှမ်းရှောင် မင်းဒီမှာပဲ။ ပိန်ရှီစိလည်း သူ့ကို လာကြည့်သွားသေးတယ်။ တော်သေးတယ် ဘာမှ ကြီးကြီးမားမားမဖြစ်လို့။ မြန်မြန် အထဲဝင်လေ" ရှောင်ဇီယဲ့သည် စိတ်သက်သာရသွားသော အပြုံးတစ်ခုကို လုပ်ကာ အခုတော့ သူ၏ စိတ်ပူပန်မှုများ ပျောက်ကွယ်သွားသလို။

ချန်ပိုင်ဝမ်သည် မျက်မှောင်ကျုံ့လိုက်သည်။ ဧကရာဇ်ယဲ့၏ အသံက မသိရင် သူကပဲ ဒီအိမ်ရဲ့ သခင် ရှန်ယုက သူ့လူလိုမျိုး။ ပြီးတော့ ချန်ပိုင်ဝမ်က လာလည်သော ဧည့်သည်ကဲ့သို့။

"ဧကရာဇ်ကိုယ်တိုင် သူ့ကို ဂရုစိုက်နေမှတော့ ရှန်ယုရဲ့ အိမ်မက်က ‌ပြည့်ဝသွားပြီပေါ့" 

ရှောင်ဇီယဲ့ အံ့အားသင့်သွားသည်။ "ရွှမ်းရှောင် ငါမင်းကို ကောင်းကောင်း သိတယ်။ မင်းရဲ့ဟာကို သူများတွေ ထိတာနဲ့ မင်းက စွန့်ပစ်တတ်တယ်။ ဒါပေမဲ့ ‌ရှန်ယုက အရာဝတ္ထုမဟုတ်ဘူးလေ။ ငါ ရှန်ယုနဲ့ တစ်ညလုံး အတူတူရှိနေတာမလို့ မင်း သဝန်တိုနေတာမလား? တကယ်က"

"အရှင် အများကြီးတွေ တွေးနေတာပါ" ချန်ပိုင်ဝမ်က သူ့စကားကို ပြတ်စေလိုက်သည်။ စိတ်တိုမယ့်အစား သူက ပြုံးကာ "ကျနော်တို့က ညီအစ်ကိုတွေလိုပဲလေ။ မိန်းမ၊ ကိုယ်လုပ်တော်၊ ယောကျာ်းလေး ကစားစရာတွေက အကျီလိုပဲလေ။ အရှင် ရှန်ယုကို သဘောကျရင် ကျနော် လက်ဆောင်အဖြစ် ပေးပါမယ်။ အရှင့်ရဲ့ အကြိုက်က ဒီလိုမှန်း ကျနော် မသိခဲ့ဘူး။ အဲ့တာကြောင့် သူ့ကို ရှောင်ဟွားအဆောင်မှာပဲ ထားပြီး အရှင့်ကို စွန်းထင်းသွားမှာကို ကြောက်လို့ မပြောပြခဲ့ဘူး"

"ဘာ?" ရှောင်ဇီယဲ့ ချက်ချင်း မတုန့်ပြန်နိုင်ခဲ့။ ရွှမ်းရှောင်က အမြဲတမ်း သူလိုချင်တာကို ရအောင် ယူတတ်သည်။ သူ့ဘဝ၌ အလျှော့ပေးလိုက်တာမျိုး မရှိခဲ့ချေ။ 

ရှောင်ဇီယဲ့ အနည်းငယ် စိတ်ယိမ်းယိုင်သွားသည်။

သို့သော် ချန်ပိုင်ဝမ်၏ စိတ်က ခန့်မှန်းရခက်နေသည်။ ရှောင်ဇီယဲ့ ဘာကို ဆိုလိုမှန်း နားမလည်နိုင်။ သူ စိတ်ရင်းနဲ့ ပြောနေတာလား? သူ့ကို စမ်းသပ်နေတာလား?

Silent Lover (novel)Where stories live. Discover now