67

581 59 15
                                    

အပိုင်း (၉၉)

ပြင်းထန်သော ဆေးနံ့သည် ရှန်ယို့ဖေး မျက်နှာကို ရိုက်ခတ်ကာ ဆိုးဆိုးဝါးဝါး ချောင်းဆိုးစေသည်။ သူမက နှာခေါင်းကို ပိတ်ကာ အထဲသို့ ဝင်လာခဲ့သည်။

ခန်းမထဲ၌ ဆေးပုလင်းများစွာက နေရာအနှံ့၌ ပြန့်နှံ့နေကာ နန်းတော်၏ အစေခံများကလည်း အလုပ်ရှုပ်နေကာ ဧကရီကျင်းတောင်မှ လက်ထဲ၌ ဆေးစာအုပ်ကို ကိုင်ထားကာ ဆေးအညွှန်းများကို ဖတ်နေသည်။

"ဒီကိုယ်လုပ်တော်က ဧကရီကို နှုတ်ဆက်ပါတယ်"

ဧကရီကျင်းက ဆေးလက်တစ်ဆုပ်စာကို ယူပြီး ချိန်ခွင်၌ တင်ကာ မျက်မှောင်ကြုံ့နေပြီး စိတ်ဓာတ်ကျနေပုံပေါ်နေပြီး ပူပင်နေသည်။ ဘေး၌ ဆေးမီးဖိုများစွာကို တည်ထားကာ သူမ၏ နဖူး၌ ချွေးများပင် ထွက်နေသည်။

"ပင်မဆောင်က လက်တလော နင် အေးအေးချမ်းချမ်း မနေရဘူးလို့ ပြောတယ်"

ရှန်ယို့ဖေးက ဦးညွှတ်လိုက်ပြီး တိုးတိုးတိတ်တိတ် ပြောလိုက်သည်။

"ဒီကိုယ်လုပ်တော်က တတိယမင်းသားအတွက် စိတ်ပူနေတာပါ။ တတိယမင်းသားက ဖျားနာနေတာကို တွေးမိပြီး ‌ကောင်းကောင်း စားမနိုင် အိပ်မနိုင်ဖြစ်နေတာပါ။ ကျွန်မ တတိယမင်းသားအတွက် ဖျားနာလို့ မဖြစ်ပါဘူး။ တတိယမင်းသားအတွက် စိတ်မအေးနိုင်ဖြစ်ပြီး လာလည်တာပါ။ ဒီကိုယ်လုပ်တော် သတိထားပြီး တတိယမင်းသား အနားယူတာကို အ‌နှောက်အယှက် မပေးပါဘူး"

"ကောင်းပြီ"

ဧကရီကျင်းက ထိုစကားများကို နားထောင်ပြီး ရင်ထဲ ထိသွားပြီး အစက စိတ်ပူပန်နေတာက အနည်းငယ် ပြေလျော့သွားသည်။ သူမက ရှန်ယို့ဖေးနှင့် မရင်းနှီးပါ။ အပြင်ဘက် လိုက်လျောညီထွေနေသာဖြစ်ပြီး အပြင်လူများက သူမသည် ဧကရီနှင့် ဆက်ဆံရေးမကောင်းဟု ပြောနိုင်သည်။

"တတိယမင်းသားရဲ့ အခြေအနေက သက်သာလာပါရဲ့လား" ရှန်ယို့ဖေးက မေးလိုက်သည်။

"‌သမားတော်ကို ဆေးညွှန်းသုံးခုကို ပြောင်းဖို့ ပြောလိုက်။ ယွီအာက နည်းနည်းတောင် အပူက မကျသွားဘူး။ ဒါပေမဲ့ ချောင်းဆိုးတာက ပိုဆိုးလာပြီး မနေ့ညက သွေးတောင် အန်တယ်..."

Silent Lover (novel)Where stories live. Discover now