"အားလျှံ နေဦး ... ခဏလေး ခဏလေး"
အဖျားရာကျော်ကာ တကိုယ်လုံး ပူခြစ်တောက်နေသော သားဖြစ်သူ Alex လျှံအား ရင်ခွင်ထဲထည့်ထားရင်းနှင့် ခင်ပွန်းဖြစ်သူ ဒေါက်တာ နွေဦးလျှံအား ဈာန်လင်းထက် လက်ဖဝါးပြကာတားသည်။
"ဘာလို့လဲ ..."
"ခဏ ... ဟူးး "
ဈာန်လင်းထက် သက်ပြင်းရှည်ရှည်ချသည်။
"ကိုကို ... ဘယ်လိုဖြစ်နေတာလဲ"
"အဲဒီဆေးထိုးအပ်ကြီးနဲ့ သားကို မထိုးလို့မရဘူးလား .. ဟမ် အားလျှံ .."
ကလေးငယ်အား ခပ်တင်းတင်းဖက်ထားရင်း ဈာန်လင်းထက် သည်းမခံနိုင်စွာမေးသည်။
"ဟင် ဘယ်လို ဘယ်လို ကိုကိုဘယ်လိုပြောလိုက်တယ်"
"အပ်ကကြီးလွန်းတယ် ... တခြား အပ်ပြောင်းပေး"
"ကိုကို .... "
အားလျှံ မဲ့ပြုံးပြုံးရင်း အသံဖိကာစိုက်ကြည့်သည်။
"ဖေဖေကလည်း ဖေဖေ့ကိုထိုးတာမှမဟုတ်တာ"
အငယ် Alex ဈာန်က ဝင်ချွန်သည်။
"နည်းနည်းတော့လွန်တာပေါ့ ကိုယ့်သားက အခုမှခြောက်နှစ်ကလေးပဲရှိသေးတာ"
"ဒါဆို ဖေဖေအထိုးခံလိုက်လေ"
Alex ဈာန် ငြိမ်ငြိမ်မနေနိုင်။
အဖေနှစ်ယောက်ပြဿနာကြားဝင်ကာ ပြောချင်တိုင်းပြောနေတော့သည်။
"Alex ဈာန်ပြောသလိုပဲ ကိုကိုအစားလာထိုးခံလိုက် လာ"
"မဟုတ်ဘူးလေ ဖျားနေတာက သား"
"ဖျားနေတဲ့သားရော သားအဖေရော လျှာမရှည်နဲ့ ဘယ်သူကဆရာဝန်လဲ"
ဈာန်လင်းထက်မဖြေ။
ငြိမ်ကုတ်နေသည်။
အောက်နှုတ်ခမ်းအား တခဏမျှ ဖိကိုက်ပြီးနောက်မှာတော့
"ကဲ ပြောမရလည်းထိုးပါဗျာ ထိုးပါ
ဒါပေမယ့် တခုတော့ ကြိုပြောမယ်နော်
မြန်မြန်ထိုးသွင်းပြီး မြန်မြန်ဆွဲထုတ်"ခါတိုင်း အားလျှံ အမိန့်တိုင်းအား ခေါင်းတငြိမ့်ငြိမ့်နှင့်လက်ခံတတ်သည့် ဈာန်လင်းထက်သည် ယခုအချိန်ကျမှ အမိန့်ပြန်ပေးနေခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)