အားလျှံ ကောင်းကောင်းအိပ်ပျော်ပုံမပေါ်။ မွေ့ယာပေါ်ဟိုလှိမ့်ဒီလှိမ့်နှင့်။
"အားလျှံ ...."
တခုခုဆို အသေးအမွှားလေးတွေကစပြီးစိတ်ပူတတ်သူသည် ဆက်၍မအိပ်နိုင်တော့ဘဲ ထထိုင်ကာ နာမည်လေးကိုခပ်ဖွဖွလှမ်းခေါ်ရသည်။
"ဗျာ ...."
ကောင်ငယ်လေး ခပ်တိုးတိုး ထူးရှာပြီးနောက်ငိုမဲ့မဲ့မျက်နှာကလေးနှင့် ဈာန်လင်းထက်အားလှမ်းကြည့်လာသည်။
"ဘာဖြစ်လို့လဲ အားလျှံ။ နေမကောင်းလို့လား"
အားလျှံ မဖြေ။ အိပ်ရာပေါ်လှဲနေရင်းနှင့်ပင် မျက်ရည်ကျရှာသည်။
" အားလျှံ ကိုယ့်ကိုစိတ်ဆိုးနေတာလား
ကိုယ်တောင်းပန်ပါတယ်နော် ကိုယ်ဘာလုပ်ပေးရမလဲ "
"အိပ်ငိုက်နေပေမယ့် အိပ်မပျော်ဘူးဖြစ်နေတာ"လှဲနေရင်းမှထထိုင်ပြီး ခင်ပွန်းသည်၏လက်ကောက်ဝတ်ကိုလှမ်းကိုင်ကာဖြေသည်။
"ကိုယ် ဂီတာတီးပြရမလား"
ငိုမဲ့မဲ့ကောင်လေး၏ ဆံပင်အား ခပ်ဖွဖွလှမ်းပွတ်သတ်ပေးပြီးမေးတော့ ခေါင်းငြိမ့်ပြလာသည်။
"အားလျှံက အိပ်ပြီး နားထောင်နေနော် "
အသံထွက်၍မဖြေ။ ခေါင်းသာ ငြိမ့်ပြသည်။
ကလေးတစ်ယောက်ကဲ့သို့ပင် အပျော်များပြည့်နေသည့်မျက်နှားချိုချိုလေးဖြင့် အပြစ်ကင်းစွာ မွေ့ယာပေါ်လှဲချသည်။ဈာန်လင်းထက် ဂီတာကိုယူကာမွေ့ယာပေါ်ထိုင်ရင်း ထီးရန်ပြင်စဥ် နွေဦးလျှံကလည်း ဈာန်လင်းထက်ဖက်ကိုမျက်နှာမူလျက်။
"နီးစပ်ဖို့မင်းကိုတောင်းဆိုခဲ့ဖူးလည်း
ကိုယ်ဟာမင်းထားတဲ့ဘဝမှာနေခဲ့တယ်
မပျော်ရွှင်ပေမယ့် မင်းရဲ့သဘောပဲ
အိုး ..... ရပါတယ် "ချစ်တဲ့အကြောင်းများ တဖွဖွပြောရင်းခဏခဏဝန်ခံနေတတ်သည့် ကောင်တစ်ယောက်သည်
"အချစ်မခံချင်ဘူး။အထူးသဖြင့်ကျွန်တော်မချစ်တဲ့ခင်ဗျားဆီကအချစ်တွေကိုမလိုချင်ဘူး"
ဟူသည့်တုံ့ပြန်မှုများသာရခဲ့ဖူးသည်။သူ့အချစ်များသည်တစ်စုံတစ်ဦးအတွက်အလွန်အမင်းဈေးပေါနေခဲ့သည်။