New Year နေ့မို့ သူငယ်ချင်းတွေနဲ့မော်လမြိုင်
သွားရန်ပြင်ဆင်နေတဲ့ကောင်လေးမှာဗီရိုထဲမှအ၀တ်များကိုဟိုရှာသည်ရှာနှင့်အလုပ်ရှုပ်နေလေသည်။ကားကိုသေသေချာချာမောင်းဖို့မှာနေတဲ့ သူ့ကောင်လေးရဲ့ စကားသံကိုပြန်ကြားယောင်ရင်းပြုံးစိစိနှင့်။
ဘယ်သွားသွားအမြဲဂရုစိုက်ဖို့မှာတတ်တဲ့လင်းဝေဟန်မှာသူ့ကိုနည်းနည်းလေးမှမချုပ်ချယ်ဖူးပေ။
ဒီဇင်ဘာသုံးဆယ်ရက်နေ့ညကတည်းကကြိုရောက်နှင့်နေပြီဖြစ်တဲ့သူငယ်ချင်းများမှာလိုက်သမျှပစ္စည်းနှင့်စားစရာတို့ကိုအားလျှံအသေအချာပြန်စစ်နေသေးသည်။
"ကားကိုဖြေးဖြေးပဲမောင်းနော် ..."
ခြံ၀င်းထဲကထွက်သည့်တိုင်အောင်အမေကလှမ်းအော်ကာမှာရှာသည်။
တစ်ဦးတည်းသောသားလေးမို့အဖေနဲ့အမေအတွက်အဖိုးတန်ရတနာလေးဖြစ်သည်။
ရန်ကုန်ကအထွက် ပဲခူးကိုရောက်စဉ်မှာတော့ ရုတ်တရက် ထိုးရပ်သွားသည့် ကားကြောင့်အားလျှံသက်ပျင်းတစ်ချက်ချလိုက်မိသည်။
ကားအောက်ကိုဆင်းပြီးဟိုကြည့်ဒီကြည့်နဲ့ကြည့်ရအောင်လည်းကားနဲ့ပက်သက်လာရင်မောင်းတာကလွဲပြီးသူဘာတခုမှမလုပ်တတ်။
ဖုန်းကိုဖွင့်ကာကြည့်လိုက်တော့လိုင်းကလည်းမမိ။
သူ ကားကိုဟိုလျှောက်ဒီလျှောက်နှင့်ပတ်ကာကြည့်နေရုံသာတတ်နိုင်တော့သည်။
ရုတ်တရက်ကားတစီးကသူ့ကားအရှေ့မှာထိုးရပ်လိုက်တော့သူအနည်းငယ်စိတ်သက်သာရာရသည်။
"ဘယ်လိုပဲဖြစ်ဖြစ်သိသိမသိသိအကူအညီတော့တောင်းရမှာပဲ။"
နွေဦးလျှံရဲ့ခပ်တိုးတိုးရေရွတ်မှုအဆုံးမှာတော့ကားပေါ်မှဆင်းလာသူကြောင့်မျက်နှာတစ်ချက်ပျက်သွားရပြန်တော့သည်။
"ကားပျက်နေတာလား ..."
သူ့အနားကိုကပ်ကာမေးလာတဲ့ ဈာန်လင်းထက်ကြောင့် ခေါင်းကိုသာငြိမ့်ပြလိုက်သည်။နှုတ်ကတော့ထုတ်မဖြေ။
"ဒီနားကလူပြတ်တယ် ..."
စျာန်လင်းထက်က အရေးတယူနှင့်ပြောနေပေမယ့်လည်းအားလျှံကတော့သက်ပြင်းရှည်ရှည်ကိုသာချလျက်။