11 ( U+Z )

4.1K 434 35
                                    

သူ့မွေးနေ့မှာ သူပျော်နေတာမျိုးကို မြင်ချင်လွန်းလို့ ကျွန်တော်လုပ်ခဲ့မိတဲ့အရာတွေအားလုံးက သူ့အတွက် စိတ်ပျက်စရာတွေဖြစ်လာခဲ့မယ်လို့
ကျွန်တော်နည်းနည်းလေးမှကြိုမတွေးခဲ့မိဘူး။

ကျွန်တော်က တကယ်ကို အတွေးတိမ်တဲ့ လူစားမျိုး ဖြစ်နေတာလား။

တကယ်ဆို မွေးနေ့ရှင်ကို စိတ်ချမ်းသာအောင် ထားပေးရမယ့်ဟာကို ကျွန်တော်က သူ့အတွက် မတော်တရော်တွေ မချင့်ချိန်ဘဲ လုပ်ခဲ့မိတယ်။

ကျွန်တော့်ရဲ့အတွေးက သူပျော်လိမ့်မယ်လို့ မျှော်ကိုးမိသွားတာမျိုးကြောင့်ပါ။

အဲညကကျွန်တော်အိမ်မပြန်ဘဲကျွန်တော့် Bar မှာပဲညအိပ်ခဲ့တယ်။နောက်တစ်နေ့ကိုလည်းကျွန်တော် Bar မှာ စိတ်ရှိလက်ရှိသောက်ရင်းအချိန်ကုန်ခဲ့မိပြန်ပါတယ်။

အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို ခပ်ပေါ့ပေါ့တွေးခဲ့မိတဲ့ ဈာန်လင်းထက်ဆိုတဲ့ ကျွန်တော်က ပထမဆုံးအကြိမ် အချစ်နဲ့ထိတွေ့ရင်းနှီးအောင် ပြုစားနိုင်ခဲ့တဲ့တစ်ဦးတည်းသောကောင်လေးရဲ့ ပစ်ပစ်ခါခါ စိမ်းစိမ်းကားကား ငြင်းဆန်တာကို အစိမ်းလိုက်ကြီး ခံစားနေရတယ်။

ကျွန်တော်မနာကျင်ဘဲနေပါ့မလား။

ကျွန်တော်နာကျင်တာပေါ့။ရင်ဖတ်ထဲအဆိပ်လူးထားတဲ့ချွန်နဲ့အစိမ်းလိုက်ထိုးနှက်မွှေနှောက်လိုက်တာထက်ပိုနာကျင်ရပါတယ်။

နောက်တနေ့ရောက်တော့မှကျွန်တော်အိမ်ပြန်လာခဲ့တယ်။ကျွန်တော့်မှာအိမ်ကိုမပြန်မဖြစ်ပြန်ရတဲ့အကြောင်းပြချက်ရှိပါတယ်။အဲတာကတော့ ကျွန်တော့်ကိုတစ်ရက်လောက်မတွေ့ရတော့တာနဲ့ တနေကုန်မနားတမ်းဖုန်းဆက်တတ်တဲ့ အဖွားကြောင့်ပါ။

ကျွန်တော်အိမ်ရောက်‌လို့ဧည့်ခန်းထဲခြေလှမ်းချလိုက်မိတာနဲ့ အမေနဲ့အဖွားကပါဝါမျက်မှန်တစ်လက်စီကို တပ်ရင်း သူတို့အရှေ့က ကျောက်မြက်ရတနာမျိုးစုံကိုစစ်ဆေးနေတာကိုမြင်လိုက်ရတယ်။

စားပွဲပေါ်မှာရတနာမျိုးစုံကဇယ်တောက်တမ်းကစားထားတဲ့အလားပြန့်ကျဲနေပါတယ်။

The Villain || U+ZWhere stories live. Discover now