"အကို ကျွန်တော်၀င်လာမယ်နော်"
တံခါးကို အနည်းကျဉ်းလောက်ကလေးဖွင့်ပြီး အခန်းထဲရှိနေသည့်သူ့ကို ဝင်ခွင့်တောင်းလာသည်။
"အားလျှံဝင်ခဲ့လေ"
ဈာန်လင်းထက်ထံမှခွင့်ပြုချက်ရသွားတော့မှ အားလျှံ လည်းအခန်းထဲဝင်လာကာ ဂီတာ ပိုက်ရင်းထိုင်နေသူ
အနားသို့ ကပ်လာလေသည်။အိပ်ခန်းနှင့် ကပ်ရပ်အခန်းတွင်ဈာန်လင်းထက်၏ Drum နှင့် Piano ကိုနေရာတကျ ထားထားပြီး Electric ဂီတာနှင့် ကျွန်းသားဂီတာကို နံရံပေါ် သေသေချာချာချိတ်ထားတတ်ပုံပင်။
"အကို ဒါတွေအကုန်တီးတတ်တာလား"
အားလျှံစိတ်ဝင်စားနေဟန်နှင့်မေးလာစဉ်မှာတော့ ဈာန်လင်းထက်လည်း ဂီတာကြိုးကိုညှိရင်း
"စာကလွဲရင်ကျန်တာအကုန်လုပ်တတ်တယ်"
ဟု ရယ်ကာဖြေရင်း သူ့ရှေ့ ကပိုကယိုထိုင်နေသည့် ကောင်ငယ်လေးအား၏ အမေးကိုဖြေသည်။
"ကျွန်တော်က ဂီတာမတီးတတ်ပေမယ့် ဂီတာတီးတတ်တဲ့လူတွေကိုတော့သဘောကျတယ်"
"အားလျှံသဘောကျတဲ့ ဂီတာတီးတတ်တဲ့လူတွေထဲမှာ ကိုယ်မပါဘူး"
ဈာန်လင်းထက် ပြောရှာသည်။
"ကျွန်တော် အခုချိန်ကစပြီအကို့ကိုသဘောကျနေပြီ"
အားလျှံစကားကြောင့် သူခဏတာငြိမ်မိသည်။ ကောင်ငယ်လေးရဲ့ မျက်တောင်ရှည်ရှည်တွေကြားခဏတာငေးမောမိသည်မို့ အသက်ရှူကမဝချင်။
"အားလျှံ ဒီလိုမထိုင်နဲ့လေ"
ဈာန်လင်းထက် သူ့အရှေ့၌ကလေးတစ်ယောက်လို ပဆစ်ထုတ်ထိုင်နေသည့် ကောင်ငယ်လေးအား ထိုသို့မထိုင်ရန်တားလိုက်သည်။ အင်္ဂလိပ်အခေါ်အဝေါ်အားဖြင့် W sitting ဟုလူသိများသည်။
W sitting သည် ထိုင်တတ်ခါစကလေးလေးများကြမ်းပြင်၌ခြေထောက်နှစ်ဖက်ကို W ပုံစံအတိုင်းချပြီး ထိုင်တဲ့ပုံစံမျိုးပင်။ ထိုပုံစံသည်ကလေးတော်တော်များများထိုင်လေ့ရှိသည့်ပုံစံတစ်ခုဖြစ်ပြီး အထူးသဖြင့် စထိုင်တတ်စကလေးများ၌ အများဆုံးတွေ့ရသည့် ပုံစံဖြစ်သည်။
KAMU SEDANG MEMBACA
The Villain || U+Z
RomansaMC - Zan Lin Htet Total Parts - 60 1.7.2021 - 28.8.2021