56 ( U+Z )

3.3K 302 22
                                    

တကယ်နေနိုင်တဲ့လူ။သူ့ကြည့်ရပုံ သူလုပ်သမျှ ကျွန်တော်ဘာမှမသိဘူးထင်နေတဲ့ပုံပါပဲ။

သူယူထားတဲ့ယောက်ျားကစာမတတ်ပေမတတ်၊ငတုံး၊ငအလို့များထင်နေတာလားမသိပါဘူး။လူကိုမြင်တော့ မျက်နှာပိုးကမသေ။ လေပေါ်မြောက်ကြွမြောက်ကြွနဲ့အနားကပ်လာပြီး

"အားလျှံ ....ချစ်တယ်" ဆိုပြီးပြောနေသေးလေရဲ့။

အခန်းတံခါးဖွင့်ပြီး၀င်လာကတည်းက မျက်နှာချိုသွေးပြီး သူ့အပြစ်သူသိလို့တမင်တကာကပ်ဖားရပ်ဖားလုပ်နေတာထင်တယ်။

"ဟူး " သက်ပြင်းသာခဏခဏချနေမိတယ်။

Neglect လုပ်ထားတာအကောင်းဆုံးပါ။

ဒါပေမယ့်လည်း မနေနိုင်မထိုင်နိုင် သူ toilet ၀င်နေတုန်း ကျွန်တော်သူ့ဖုန်းကိုယူကြည့်မိပြန်တယ်။သူ့ဖုန်း Passwords ကကျွန်တော့်မွေးနေ့ ဆိုတော့တကူးတကြီးလိုက်မှတ်စရာမလိုပါဘူး။

Wallpaper ကတော့ ကျွန်တော်နဲ့သူနဲ့ပုံ။

ဒါလည်းအိမ်ထဲရောက်မှသူပြောင်းလိုက်တာနေမှာ
။ထွေထွေထူးထူးတွေးနေစရာမလိုဘူး။

Gmail ထဲ၀င်လိုက်တော့ များလိုက်တဲ့ noti တွေ။

ဘယ်သူဘယ်ဝါတွေကများအားအားယားယားလာပို့နေတာလဲ။

ဟိုတနေ့က အမျိုးသမီးကိုကျွန်တော်အတော်လေးလိုက်ရှာလိုက်ရတယ်။

Chat ထဲကျွန်တော်၀င်လိုက်တော့ နောက်ဆုံးပို့ထားနဲ့ mail က

"မပြန်ခင် မ ဈာန်နဲ့ထပ်‌တွေ့ချင်သေးတယ်"

ဆိုတဲ့ ဟိုအမျိူးသမီးရဲ့စာ။

ဒီနေ့တွေမှာ သူက ဟိုအမျိုးသမီးနဲ့ တနေကုန်တနေခမ်း အတူရှိနေတာသေချာ‌တာပေါ့။ သူသာသွားမတွေ့ခဲ့ရင် ဟိုကလည်း ဒီလိုတွေပို့နေမှာမဟုတ်ဘူး။ စိတ်ပျက်စရာကောင်းလိုက်တာ။

ဒါတောင်မှ ကျွန်တော့်အရှေ့မှာ ဘာမှမဖြစ်ခဲ့သလိုဟန်ဆောင်နေနိုင်တယ်။

လူဆိုတာသူတို့ရဲ့ နဂို ဗီဇကိုဖျောက်မရဘူးဆိုတာတကယ်မှန်တာပဲ။

ကျွန်တော်ဒီလူကိုပြောင်းလဲနေပြီဆိုပြီးအထင်ကြီးခဲ့မိတာ။

The Villain || U+ZWhere stories live. Discover now