ညစာစားပြီးချိန်ဖြစ်သဖြင့် ဧည့်ခန်းထဲ မိသားစုစုံစုံလင်လင်ပင်။
အားလျှံ၏ အဖေနှင့် အမေသည်လည်း မြေးနှစ်ယောက်ရောက်လာကတည်းက ကာတွန်းကားသာလျှင် အတူတူလိုက်ကြည့်ရသည်။
ကလေးနှစ်ယောက်သည်ကား ဆော့လိုက် TV ကြည့်လိုက်နှင့်။
"ဘိုးဘိုး ......"
အဲလက်စ်ဈာန် အဘိုး၏လက်အား လှုပ်ကိုင်ကာခပ်ချွဲချွဲဖြင့်မပီကလာလေးခေါ်ရှာသည်။
"ဗျာ ...."
အဘိုးကထူးလေတော့မှ အငယ်လေးသည် သူ့အကိုအားစိုက်ကြည့်ကာ တခုခုပြောစေချင်ဟန်ပြသည်မို့ အဲလက်စ်လျှံလည်း အဘိုး၏ လက်ကိုကိုင်လှုပ်ကာ
"ဖေဖေ နဲ့ နေချင်တယ်"
ဟု ငိုမဲ့မဲ့ပြောလေသည်။
မြန်မာနိုင်ငံပြန်ရောက်လာသည့် ခြောက်လအတွင်း ဈာန်လင်းထက်ကိုသာ ကပ်နေကြသည့် သားနှစ်ယောက်သည် ယခုဆိုလျှင် ခွဲမရအောင်အထိဖြစ်နေကြပြီ။ အိပ်ချိန်တစ်ချိန်သာ အားလျှံနှင့်အတူရှိနေကြခြင်းပင်။ ပူဆာသမျှ အစစအရာရာတိုင်းအား ဈာန်လင်းထက်မှလိုက်ဖြည့်ဆည်းပေးတတ်သဖြင့် ပို၍ အကပ်ကောင်းနေကြသည်။
ထိုစကားအား အားလျှံ မသိချင်ယောင်၊မကြားချင်ယောင်ဆောင်နေမိသည်။
"ဘာဖြစ်လို့လဲမြေးရဲ့ အဘိုးတို့နဲ့နေရတာမပျော်လို့လား"
အဘိုးသည် မြေးနှစ်ယောက်အား ရင်ခွင်ထဲထွေးပွေ့ရင်းမေးသဖြင့်
"ဖေဖေ့ ကိုဒီခေါ်ထားချင်လို့"
ဟု ကလေးပီပီ ဟန်ဆောင်မှု အလျင်းမရှိဖြေကြလေသည်။
"မင်းတို့ အဖေနဲ့ နေချင်ရင် သွားနေကြလေ။ငါ့ဆီပြန်မလာကြနဲ့"
အားလျှံ စိတ်မရှည်စွာ အော်ပြောသဖြင့် ငိုမဲ့မဲ့ဖြစ်သွားသည့် ကလေးငယ်နှစ်ယောက်သည်အဘိုးဖြစ်သူ ရင်ခွင်ထဲတွင် အတင်းတိုးဝင်ကယငိုကြပြန်သည်။
"ကလေးတွေကိုဘာလို့အဲလိုတွေပြောနေရတာလဲ"
အမေဖြစ်သူရဲ့စကားအဆုံးမှာတော့
![](https://img.wattpad.com/cover/271116077-288-k928669.jpg)