တတီးတီးနဲ့မနားတမ်းမြည်နေတဲ့ဖုန်းသံကြောင့်နွေဦးလျှံမှာမျက်လုံးမဖွင့်နိုင်သော်လည်းဖုန်းကိုလက်နှင့်ဟိုစမ်းသည်စမ်းလိုက်စမ်းနေမိသည်။
"ဟဲလို ..."
အိပ်ချင်မူးတူးဖြစ်နေတဲ့ကောင်ငယ်လေးရဲ့အသံသည်ဗလုံးဗထွေးဖြင့်။
"အခုထိအိပ်နေတုန်းလား အားလျှံ"
သိပ်ချစ်ရသူရဲ့ရယ်သံသဲ့သဲ့လေး ကြားသည်မို့အိပ်ရာမှငေါက်ခနဲထထိုင်မိသည်။
"အာ အကို ...."
ဘာပြောရမှန်းမသိလေတော့နှုတ်ခမ်းလေးဖိကိုက်ရင်း။
"ညကကိုယ်ဖုန်းဆက်တာဘာလို့မကိုင်တာလဲ"
လင်းဝေဟန်ရဲ့အမေးကြောင့်သူ့ခေါင်းသူကုတ်ကာဟိုတွေးသည်တွေးတွေးနေရတော့သည်။
အမှန်တိုင်းပြောလိုက်ရင်ဘယ်လောက်တောင်မှစိတ်ပူပြီးဆူနေလိုက်မလဲဆိုတာသူကောင်းကောင်းကြီးသိလေသည်။
"အယ် ညကအဖေနဲ့ dinner လိုက်သွားတာ။အဖေ့မိတ်ဆွေတွေဘာတွေလည်းရှိနေတော့ဖုန်းမထုတ်ကြည့်လိုက်မိဘူး။အိမ်ပြန်ရောက်တော့ပင်ပန်းတာနဲ့အ၀တ်တောင်မလဲဘဲအိပ်လိုက်တာအခုမှနိုးတယ်"
မလိမ်စဖူးလိမ်နေလေတော့သူ့ကိုယ်သူနောက်ကျောမလုံ။
"အင်းပါ ဟုတ်ပါပြီ။ကိုယ် စာသွားသင်ရတော့မယ် အားလျှံ"
"ဟုတ် ..."
"ညကဖုန်းမကိုင်တော့စိတ်ပူပြီးဖုန်းဆက်လိုက်တာ"
"အင်း"
"ပင်ပန်းနေသေးတယ်ဆိုထပ်အိပ်လိုက်နော်"
"ဟုတ်ကဲ့"
စိုးရိမ်တကြီးနဲ့ဖုန်းဆက်လာမှန်းသိရလေလေ
အားလျှံ တစ်ယောက်ထူပူရလေလေပါပဲ။"အား .....ငါဘာလို့လိမ်လိုက်တာလဲ။"
ခေါင်းအုံးကိုမျက်နှာမှာကပ်ပြီးအော်ဟစ်နေလေတော့သည်။
"နေပါဦး ဟိုအကို ...."
အခုမှသူတခုခုကိုတွေးမိဟန်နှင့်ဖုန်းမှနာရီကိုလှမ်းကြည့်တော့သည်။
"မနက်ရှစ်နာရီခွဲ ..."
သူတိုးတိုးလေးရေရွတ်လိုက်ပြီး
![](https://img.wattpad.com/cover/271116077-288-k928669.jpg)