"ကျွန်တော်တောင်းပန်ပါတယ်"
ခါတိုင်းတွေ့နေကျပန်းခြံလေးရဲ့ချောင်ကျကျခုံတန်းမှာကောင်ငယ်လေးနှစ်ယောက်ဘေးချင်းယှဉ်ထိုင်ကာစကားနည်းလျက်။
အားလျှံရဲ့တောင်းပန်စကား ခပ်တိုးတိုးမှလွဲ၍ တခြားအပိုစကား တစ်စွန်းတစ်စမှထွက်မလာ။
ခေါင်းငုံ့ကာဘာစကားမှမပြောဘဲတွေဝေနေတဲ့လင်းဝေဟန်ရဲ့မြေဖြူကိုင်တဲ့လက်နုနုလေးကို ဒေါက်တာနွေဦးလျှံကလှမ်းကိုင်ရင်း သူ့အမှားသူဝန်ခံကာမျက်နှာပူပူနှင့်ပင်တောင်းပန်စကားဆိုလေသည်။
"အားလျှံအမှားမှမဟုတ်တာ"
"အမြဲတမ်းပြဿနာတွေကိုကျွန်တော်ဖန်တီးထားသလိုဖြစ်နေတယ် တောင်းပန်ပါတယ် ဒီတစ်ခါလည်းကျွန်တော်မျက်နှာပြောင်တိုက်ပြီးတောင်းပန်ပါရစေအကို"
"ကိုယ့်ကလေးအမှားမဟုတ်ပါဘူး ကိုယ်သာသူ့ကိုမထိုးခဲ့ရင်ကလေးလည်းအဆူခံရမှာမဟုတ်ဘူး"
လင်းဝေဟန် နွေဦးလျှံကိုခပ်တင်းတင်းလေးလှမ်းဖက်ကာရင်ခွင်ထဲသွင်းရင်းဆိုသည်။
"အကိုနာနေသေးတယ်မလားဟင်"
လင်းဝေဟန်၏ နှုတ်ခမ်းထောင့်က အဖွားနဲ့ အဖေဖြစ်သူရဲ့မိန်းမ လက်ချက်ကြောင့်သွေးစွန်းကာရောင်ကိုင်းနေလေသည်။
"ကိုယ်အဆင်ပြေပါတယ်"
ရင်ဘတ်တစ်ခုလုံးစုတ်ပြတ်သတ်နေပေမဲ့လည်းနွေဦးလျှံစိတ်ပူမှာစိုးလေတော့ ဟန်ဆောင်ပြုံးကာအဆင်ပြေကြောင်းလိမ်ပြောပြန်သည်။
"ဗိုက်ကိုရော လိမ်ဆွဲသေးလား"
ထိုမေးခွန်းရဲ့အဖြေကို လင်းဝေဟန်မဖြေပေးခင်မှာပဲ ကောင်ငယ်လေးက အင်္ကျီကိုအတင်းဆွဲတင်ကာဗိုက်ကို လှန်ကြည့်ရှာသည်။
လက်ကသွက်လေတော့ ဗိုက်ပေါ်ကအညိုကွက်များအား သူဖုံးဖိနေဖို့ပင်မမီလိုက်ပေ။
"အကို ...."
နောက်ထပ်စကားဆက်ပြောဖို့ပင်လမ်းစရှာမရလေတော့ ထိုအာမေဍိတ်နှင့်ပင်ရန့်တန့်ရလေသည်။
"တောင်းပန်ပါတယ် ....ကျွန်တော်တောင်းပန်ပါတယ်"
မျက်ရည်များဝိုင်းရုံသာမက ထိန်းမနိုင်သိမ်းမရစွာနှင့် ငိုမိတဲ့အထိပါပဲ။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)