18 ( U+Z )

3.8K 380 9
                                    

"အားလျှံ ဗိုက်ဆာ​နေပြီမလား
ကိုယ်ဆန်ပြုတ်ပူပူလေးယူလာတယ်"

မွေ့ယာထူထူပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ ခြေ
ဆင်းထိုင်နေတဲ့ကောင်ငယ်လေးကို ဈာန်လင်းထက် လှမ်းပြောလိုက်သော်လည်း ထိုအမေးကို နွေဦးလျှံကချက်ချင်းမဖြေ။

အဖြေတို့ထက်ဒေါသတရားများက စျာန်လင်းထက်ထံ ကနဦး အပြေးအလွှားရောက်လာလေသည်။

အငိုလွန်ထားတဲ့ အားလျှံရဲ့ မျက်ဝန်းနီနီတစ်စုံက ဆန်ပြုတ်ခွက်ကိုင်ပြီး သူ့အနားကပ်လာတဲ့ ဈာန်လင်းထက် ထံ ရောက်လျက်။

ချက်ချင်းပင် ထိုင်ရာမှထလိုက်ပြီး ဈာန်လင်းထက်လက်ထဲက ဆန်ပြုတ်ပန်းကန်ပူပူကို လှမ်းဆွဲယူတယ်။

အချိန်မဆွဲဘဲ ထိုပန်းကန်ကို နံရံဖြူဖြူ‌ဆီ ပစ်ပေါက်ပြန်သည်။

အဖြူရောင်အခန်းနံရံမှာ အားလျှံရဲ့ ဒေါသတွေနဲ့အတူ ဆန်ပြုတ်များလည်း ပေပွလျက်။

ထို့အပြင် ကြမ်းခင်းပေါ်မှာလည်း ဆန်ပြုတ်နဲ့ကြွေပန်းကန်အပိုင်းအစတို့ ရောထွေးနေပြန်သည်။

သူ့စိတ်တိုင်းကျပစ်ခွဲပြီးနောက်မှာတော့ နွေဦးလျှံဟာ နေမြဲအတိုင်း မွေ့ယာအပေါ်သွားထိုင်ပြီး ဒေါသထွက်မြဲတိုင်း ထွက်နေလေသည်။

"လက်မှာခိုက်မိသွားသေးလား"

ဈာန်လင်းထက်ကတော့ သွန်ပစ်ခံလိုက်ရတဲ့ဆန်ပြုတ်ခွက်ဆီနည်းနည်းလေးမှ အကြည့်မရောက််။

သွန်ပစ်လိုက်တဲ့ကောင်ငယ်လေးအနား ခပ်သွက်သွက်လေးကပ်သွားပြီး နံဘေးမှာဝင်ထိုင်ရင်း စိတ်ပူလက်ပူနဲ့မေးလိုက်သည်။

"လက်အပူလောင်သွားသေးလား"

နွေဦးလျှံရဲ့လက်ဖဝါးနုနုကို သူလှမ်းကိုင်ရင်းပွတ်သပ်ပေးကာ ထပ်မေးလိုက်တော့ ချက်ချင်းဆိုသလို နွေဦးလျှံကလည်း ဈာန်လင်းထက်လက်ထဲကသူ့လက်ကို ပြန်‌ဆွဲယူသည်။

"ကျွန်တော်ခင်ဗျား နဲ့ အသားချင်းတောင်မထိချင်ဘူး ရွံလို့"

"ရွံပေမယ့်လည်း ကိုယ်တို့ညကအတူတူအိပ်ခဲ့ပြီးပြီ"

"ကျွန်တော်သောက်တဲ့ဝိုင်ထဲမှာ ခင်ဗျားအိပ်ဆေးခတ်ခဲ့တာမလား"

The Villain || U+ZWhere stories live. Discover now