"အားလျှံ ဒီနေ့ည ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ Birthday Party ရှိတယ်။သူကအားလျှံကိုပါလာခဲ့ဖို့ ဖိတ်လိုက်တယ်"
သူဘယ်သွားသွား အတူလိုက်ဖို့ခေါ်မရကြောင်းသိနှင့်ပြီးသားဖြစ်သော်လည်း အမှတ်မဲ့အသိတရားကင်းကွာစွာ ထပ်မံ သွားခေါ်နေမိသည်။
အခေါ်ခံရသူမှာတော့ သူ့စာကိုသာငုံ့ရေးနေရင်းနှင့်။
"ကျွန်တော်မလိုက်တော့ဘူး ခင်ဗျားဘာသာသွားလိုက်"
ပျင်းတိနှေးကွေးနေသည့် အဖြေကိုသာရမည်ဖြစ်ကြောင်း သူ ကြိုတွက်ထားသော်လည်း အတူသွားရန်ခေါ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့သူ့ကိုယ်သူပင်အပြစ်တင်ရမလိုလိုဖြစ်နေတော့သည်။
"ကိုယ်တို့မင်္ဂလာပွဲတုန်းကတောင်
မအားတဲ့ကြားကနေသူလာခဲ့တာ""ဘာလဲ ကျွန်တော့်ကိုလူမှုရေးအစိတ်မရှိတဲ့သူလို့ပြောချင်တာလား"
အသိပေးရုံ ပြောလိုက်တဲ့စကားတစ်ခွန်းသည်ထိုကဲ့သို့အကျိုးသက်ရောက်လိမ့်မည်ကိုသူမတွေးမိ။
"ကိုယ်ကအဲလိုသဘောမျိုးနဲ့ပြောတာမဟုတ်ပါဘူး။အားလျှံသိစေချင်လို့ပြောပြရုံပါ"
"ကျွန်တော်စာတမ်းပြုစုဖို့စာလုပ်ရဦးမယ်"
"ကိုယ်နဲ့လက်ထပ်ထားတာခြောက်လလောက်တောင်ကြာခဲ့ပြီဆိုပေမယ့်တခါမှအပြင်တူတူမသွားခဲ့ဖူးဘူး။ဘယ်ပွဲတက်တက်ကိုယ်တစ်ယောက်တည်းသွားခဲ့ရတယ်။ကိုယ် အားလျှံကို ဖိအားမပေးချင်ပါဘူး။ဒါပေမယ့် အခု ကိုယ့်အရင်းနှီးဆုံးသူငယ်ချင်းက သေသေချာချာဖိတ်လိုက်တာမို့ ....."
ဈာန်လင်းထက်သည် ဘယ်သူ့ကိုမှစိတ်ရှည်တတ်တဲ့လူမျိုးမဟုတ်သည့်အပြင် ထစ်ခနဲရှိဒေါသထွက်တတ်သည့် လူမျိုးဖြစ်သဖြင့် ပြဿနာတက်လာတိုင်းလည်းလက်လွန်ခြေလွန်ဖြစ်တာကများသည်။ သို့သော်လည်း သူ့ကို အရေးမယူအဖက်မလုပ်တတ်တဲ့ အားလျှံကတော့ချွင်းချက်ပင်။
ဈာန်လင်းထက်သည် ခင်ပွန်းသည်နှင့်ပက်သက်လာသမျှသော အရာတိုင်းကို နားလည်မှုအလိုလိုပေးနေမိရုံသာမက ထစ်ခနဲရှိထွက်တတ်သည့် ဒေါသကလည်း ခင်ပွန်းသည်အပေါ်တွင် အညွန့်ကျိုးနေလေပြီ။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)