ပျော့အိတွဲနေသည့် ရှပ်အင်္ကျီအဖြူရောင်ခပ်ပါးပါးအား ကြယ်သီးလေးလုံးလောက်ဖြုတ်ကာ ကုတင်ခေါင်းရင်း၌မှီထိုင်နေသည့်အားလျှံသည် ခါးအောက်ပိုင်းကို စောင်ထူထူဖြင့်လုံခြုံစွာဖုံးဖိလျက် အခန့်သားပင်။
"ကိုယ်ပြန်ရောက်ပြီ အားလျှံ"
ဈာန်လင်းထက် သံတော်ဦးတင်သည်ကို မျက်ခုံးအသာပင့်ပြရုံကလေးသာ သူတုံ့ပြန်သည်။
"အိပ်တောင်အိပ်တော့မှာလား"
လက်ထဲကိုင်လာသည့် အိတ်ကို အလုပ်စားပွဲပေါ်ချကာ necktie အား ဈာန်လင်းထက် ဖြည်လျှော့ရင်းမေးလိုက်သည်။
"Necktie ဖြည်ပြီးရင် ဒီနားလာ"
အားလျှံ သူ့လက်ထဲမှ စာအုပ်ထံကိုသာ အာရုံစူးစိုက်ဟန်ပြလျက် ဈာန်လင်းထက်အား ခေါ်သည်။
ခင်ပွန်းသည် ကုတင်နံဘေး ချက်ချင်းရောက်လတ်သော်
"ရော့ ..."
စောင်အောက်၌ဖုံးဖိထားသည့် သူ့လက်ကလေးအား အသာအယာထုတ်ကာ လက်ထဲကိုင်ထားသည့် ကွန်ဒုံးအား ဈာန့်ထံကမ်းပေးသည်။
အားလျှံ ကမ်းပေးလာသည့် ကွန်ဒုံးအား ကိုင်လျက် "ဟင် .." ခနဲပင် သူ အံ့ဩမိသည်။
"အတူနေရအောင်ကိုကို"
"ဖြစ်ပါ့မလား အားလျှံရယ်"
"ဘာလို့ မဖြစ်ရမှာလဲ"
အားလျှံ လှဲနေရင်း ငေါက်ခနဲထထိုင်ကာ စောင်အားဆွဲဖယ်ပစ်သည်။
လှစ်ခနဲပေါ်ထွက်လာသည်ကား ပေါင်တံသွယ်သွယ်ဖွေးဖွေးပင်။
"မနက်ဖြန် Sunday လေ .. ကျွန်တော့်နားရက်လေ"
"ဒါပေမယ့် ..."
ဈာန်လင်းထက် တကယ်ပင် ပြောရဆိုရခက်သည်။
မြောင်းဖောက်သည်မဟုတ်
ဆည်ပင်ဖော်နေသည်ပင်ဖြစ်လင့်ကစား ဟိုယောင်ယောင် သည်ယောင်ယောင်ဖြင့် ရေလာဖို့ကို တွေဝေနေသူ။
"ကိုကို ..."
အားလျှံ ကုတင်ပေါ် ဆွဲချပစ်ကာ သူ့ကိုယ်ပေါ်ခွထိုင်ပစ်သည်။
"ကိုယ်ရေမချိုးရသေးဘူး ချွေးတွေနဲ့"
ဈာန်လင်းထက် စကားအား အားလျှံဂရုမစိုက်။