63 ( U+Z )

4K 353 34
                                    

ဆေးရုံ၌ တနေကုန်ပင်ပန်းထားသဖြင့် အားလျှံအတော်‌ပင် ငိုက်မြည်းနေလေပြီ။မှေးခနဲအိပ်ပျော်မိချိန်၌

"ပါပါး ...."

အဲလက်စ်လျှံသည် သူ့ကိုယ်ပေါ်ခြေတောက်တင်ကာခပ်ချွဲချွဲခေါ်လိုက်ခြင်းကြောင့်ပြန်နိုးလာရသည်။

"ဗျာ .."

"ဖေဖေ့ အနားက မမ လှလှ"

သားဖြစ်သူစကားကြောင့် အားလျှံအိပ်ချင်စိတ်ပင်ချက်ချင်းပျောက်မိသည်။

"ရက်စ် မမလှလှ"

ထိုမျှမကသေး အငယ်ကောင် အဲလက်စ်ဈာန်ကပါ သူ့အကိုစကားကိုထောက်ခံရှာသည်။

"ဘယ် မမလဲ မင်းတို့အဖေရဲ့ကောင်မလေးလား"

"ရက်စ် ..."

ထောင်း ခနဲထွက်သွားသည့်ဒေါသသည် အားလျှံ၏ ငယ်ထိပ်ရောက်နှင့်နေပြီ။

"သင်းကအကျင့်အတိုင်း နောက်တစ်ယောက်နဲ့ပေါ့လေ။ဒါတောင် အတင်းလာကပ်နေသေးတယ်။"

စိတ်ထဲ ‌ထိုသို့ တွေးကာ အော်ဟစ်မိသည်မို့ ဒေါသတို့က နည်းနည်းလေးမှချုပ်ထိန်းလို့မရ။

"တောက် ...."

သူ့ တောက် ခေါက် သံကြောင့် အမွှာနှစ်ယောက်ပင် မျက်ခွံလေးလှန်ကာ အားလျှံအားမော်ကြည့်ကြသည်။

"ပါပါး စိတ်ကောက်"

"ဘာလို့စိတ်ကောက်ရမှာလဲ။ခြင်ကိုက်လို့တောက်ခေါက်တာ"

အားလျှံ သက်ပြင်းချမိသည်။

"အိပ်တော့ မနက်ဖြန် ‌ပါပါးအလုပ်သွားရဦးမှာ"

"ဖေဖေ့ဆီ"

နှစ်ယောက်စလုံးမျက်တောင်ကလေးများ ပုတ်ခတ်ကာဖြင့် သတိပေးရှာသည်။

"မသွားရဘူး အိမ်မှာပဲ ဘွားဘွားနဲ့နေ"

"နိုး ပါပါး"

အတော်ပင် ပြောစကားနားထောင်ကြသည်။

ပြောသမျှအကုန်ဆန့်ကျင်ဘက်ပင်။

"ဒီလိုပြောရင် ဟိုလိုလုပ်တာ သူတို့အဖေအတိုင်းပဲ"

အားလျှံ ခပ်တိုးတိုးရေရွတ်ကာခေါင်းခါယမ်းမိသည်။

The Villain || U+ZTempat cerita menjadi hidup. Temukan sekarang