"မင်းကိုအိမ်ပြန်လာဖို့ အဖွားနဲ့အဖေကပြောခိုင်းလိုက်တယ်"လင်းဝေဟန် ပညာဒါနအဖြစ်စာသင်ကြားပေးသည့် မုဒိတာဖောင်ဒေးရှင်းမှ ဘုရားကျောင်းသို့လိုက်လာတဲ့ဈာန်လင်းထက်။
"ကျွန်တော်ဒီမှာအဆင်ပြေတယ်"
တစ်ခွန်းတည်းဆိုကာ သူလှည့်ထွက်သွားရန်ပြင််တော့ နောက်ဆုံးပေါ်ပြိုင်ကားကိုမှီကာရပ်နေတဲ့ဈာန်လင်းထက်က
"မင်းကိုအဆင်ပြေစေချင်လို့အိမ်ပြန်လာခိုင်းနေတာမဟုတ်ဘူး။အဖေခေါ်ခိုင်းလို့ငါကလာခေါ်ပေးရုံပဲ"
ဟု ချေပပြောဆိုသည်။ မျက်နှာထားကတော့ ခါတိုင်းပြုမူနေကျအတိုင်း အကြောတင်းတင်းနှင့်ပင်
"ကျွန်တော်အိမ်ပြန်ဖို့စိတ်ကူးမရှိဘူး"
"အေးလေ မင်းလိုကောင်ကမိသားစုရဲ့တန်ဖိုးကိုသိမဲ့ကောင်လည်းမဟုတ်ဘူး"
ပြုံးယောင်သမ်းနေသော နှုတ်ခမ်းပါးတို့သည် စီးကရက် အား ဖိကိုက်လျက် မီးခြစ်နှင့် တို့ကာရှို့ရင်း စကားတို့ကိုမပီမသ ဆိုသည်။
"ကျွန်တော့်ကိုနွေးထွေးမှုပေးနိုင်တဲ့နေရာကကျွန်တော့်ရဲ့အိမ်။ကျွန်တော့်ရဲ့မိသားစုပါပဲ"
"ဟား ဟား .....ဘယ်၀တ္ထုထဲကကောက်နုတ်ချက်တွေလဲ လင်းဝေဟန်ရဲ့"
ဈာန်လင်းထက်ရဲ့လှောင်ရယ်သံအပြည့်နှင့် ပြောလိုက်သည့် စကားစုကို အကိုဆိုတဲ့ကန့်သတ်ချက်လေးတစ်ခုကြောင့် ဘာဆိုဘာမှပြန်မတုံ့ပြန်ပဲလက်သီးကိုသာခပ်တင်းတင်းဆုပ်ကိုင်ထားရပြန်သည်။
"ကျွန်တော်စာသင်ချိန်ရှိသေးလို့ ခွင့်ပြုပါဦး"
အနောက်ပြန်မလှည့်ကြည့်ဘဲခပ်သွက်သွက်ပင်သူရှောင်ထွက်လာခဲ့သည်။
လူမှန်းသိတတ်စအရွယ်ကတည်းက အဖေတူအမေကွဲညီအကိုနှစ်ယောက်မှာ မုန့် တစ်ယောက်တစ်ခုပိုင်ရင်လည်းအကိုဖြစ်တဲ့ဈာန်လင်းထက် က လုရင် ငိုယိုပြီးကျွေးလိုက်ရတဲ့ ဆက်ဆံရေးပင်။
ကစားစရာတွေလည်းအကို့အတွက်ဆော့စရာအများကြီးရှိနေရင်တောင် တစ်ခုတည်းရှိတဲ့သူ့ကစားစရာကိုလာလုရင်ငိုယိုပြီးပေးလိုက်ရတာချည်းပင်။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)