35 ( U+Z )

3.2K 320 33
                                    

ညကတည်းက သူ့လက်မောင်းကိုငှားအိပ်ရှာသည့်ကောင်ငယ်လေးသည် အခုတော့ လက်မောင်းအောက်ဘက်၌ကွေးကွေးလေးအိပ်နေပြန်ပါသည်။

အရင်လို မျက်လုံးပွတ်သတ်ရင်း အိပ်ချင်မူးတူးနှင့် "အားလျှံ" ဟု အော်မခေါ်ရတော့သည်မှာတောင်အတော်ပင်ကြာခဲ့ပြီ။

အရင်ကဆို ထိုကောင်လေးထွက်ပြေးသွားမှာကိုသူစိုးရိမ်ကာအော်ခေါ်တတ်‌သည်။

အမှန်တကယ်ပင် ထွက်သွားဖို့ရည်ရွယ်ရင်း ကြိုးစားနေသည့် ထိုကောင်ငယ်လေးအား ကြည့်ကာ လက်မလွှတ်ချင်သော်လည်း စိတ်ဒဏ်ရာမပေးရက်။‌ သူထွက်သွားချင်သည့် အချိန်မတိုင်ခင်လေး နွေးထွေးမှုများ တပိုးတနင့်ကြီးသူပေးချင်သည်။

မျက်နှာအပေါ်ဝေ့ဝဲကျနေသည့် ဆံနွယ်တို့အား လှမ်းကာသပ်ပေးတော့ ကောင်ငယ်သည်တလှုပ်လှုပ်နှင့်။

မျက်ခုံးနက်နက်လေးတစ်စုံတွန့်ခေါက်လာကာမျက်စိကို အတင်းဖွင့်ပြီးသူ့ကိုလှမ်းကြည့်ရှာသည်။

ဘယ်လိုလူတွေ ဘယ်လိုနည်းနဲ့ ဘယ်လိုမျိုးပင် လှချင်တိုင်းလှနေကြပါစေ။ မိတ်ကပ်အဖွေးသားနှင့် အပေါ်ယံလှချင်တိုင်းလှနေသူများထက် သူ့ရဲ့မျက်နှာမသစ် သွားမတိုက် အိပ်ချင်မူးတူးဖြစ်နေသည့်ကောင်ငယ်လေးသည်သာ သူ့အတွက် အလှဆုံးဟု ခံယူထားသည်။

ဈာန်လင်းထက် သည် သူ့ခင်ပွန်းလေးအား တကူးတကကြီးအမွှန်းမတင်။ ပင်ကိုယ်အနေအထား လေးသည်က အမြင့်ရောက်နေပြီးသားဖြစ်သဖြင့် တွေးကြည့်ရုံနှင့်ပင်သူကျေနပ်သည်။

"ကျွန်တော့်ကိုစိုက်ကြည့်နေတာမလား"

ကောင်ငယ်လေးကပြုံးစိစိနှင့်မေးလာတော့မှဈာန်လင်းထက် အကြည့်လွှဲဖို့ အသိဝင်သည်။

"ဟုတ်တာပေါ့ ....အားလျှံမျက်နှာတစ်ကမ္ဘာမို့ ကိုယ့်ကမ္ဘာကြီးကိုမကြည့်ရ မနေနိုင်အောင်ဖြစ်နေတာလေ"

"ဘယ်ကတည်းကစိုက်ကြည့်နေခဲ့တာလဲ"

"မျက်လုံးစစဖွင့်ချင်းကတည်းက"

"အိုး ကျွန်တော့်အမျိုးသားကတော်တော်စကားတတ်တာပဲ"

မမီမကမ်းနှင့် ဈာန်လင်းထက်ပါးနှစ်ဖက်ကို အားလျှံ လှမ်းညှစ်‌ဆွဲသည်။

The Villain || U+ZWhere stories live. Discover now