“ကိုယ်ဒီပုံစံကြီးနဲ့အဆင်ရောပြေရဲ့လား အားလျှံ”
ဈာန်လင်းထက်သည်အနေခက်နေဟန်နှင့်မျက်ခုံးနက်နက်အားတွန့်ကာချိုးလျက် ကော်လံကတုံးကို ကြယ်သီးတပ်ပေးနေသော ခင်ပွန်းသည်အား လှမ်းမေးရှာသည်။
“ကိုကိုကဒီလောက်ကြည့်ကောင်းတာကိုဘာလို့အဆင်မပြေရမှာလဲ”
ဈာန်လင်းထက်ရဲ့ လက်မောင်းနှစ်ဖက်အား အသာအယာဆုပ်ကိုင်ပြီး မျက်နှာနုနုလေးကို မော်ကာကြည့်ရင်း အားလျှံဖြေသည်။
“ပုဆိုးနဲ့လည်ကတုံးကကိုယ်ဝတ်လေ့မရှိတော့ ကိုးယို့ကားယားနိုင်နေမှာစိုးလို့ပါ”
“ဒီနေ့ ဖေဖေမေမေတို့ကို သွားကန်တော့မှာလေ ကိုကိုရ”
“ချစ်တယ် အားလျှံ ကိုယ်ကသဘောပြောပြတာပါ စိတ်မဆိုးနဲ့နော်”
သူ့အရှေ့မှာရပ်နေရှာသည့်ထိုကောင်ငယ်လေးအားရင်ခွင်ထဲသွပ်သွင်းကာ တမြတ်တနိုးနှင့်ရေရွတ်သည်။
“ကိုကို အင်္ကျီတွေတွန့်ကြေကုန်မယ်”
အားလျှံ ဈာန်လင်းထက်ရဲ့ ရင်ဖတ်အား ခပ်ဖွဖွတွန်းထုတ်တော့ အနည်းငယ်လေးမျှပင်မလွှတ်ပေးပေ။
“အားလျှံ ကိုယ်သင်းရနံ့လေးကမွှေးလိုက်တာ။ ကိုယ်အရမ်းသဘောကျတယ်”
ရင်ခွင်ထဲနစ်မြုပ်နေရှာသူအား ဈာန်လင်းထက် နေရာစုံရွှေ့ကာနမ်းရှိုက်နေလေသည်။
ပါးပြင်မို့မို့တို့အားဘယ်တစ်ပြန်ညာတစ်ပြန်နမ်းရှိုက်ပြီးမှာတော့ လည်တိုင်ကျော့ကျော့တို့ကို အနေခက်အောင် ပြုမူပြန်သည်။
“ကိုကို ကျွန်တော်ရေမွှေးဆွတ်ထားတာမဟုတ်ဘူး”
“အင်း မဆွတ်နဲ့တော့ ကိုယ်ဒီအနံ့လေးအရမ်းကြိုက်တယ်”
“ကိုကို နောက်ကျနေမယ် သွားကြရအောင်”
“မနက်ဖြန်မှကန်တော့ရအောင် ဘယ်နေ့ကန်တော့တော့ ကုသိုလ်ရတယ်မဟုတ်လား”
“ကိုဈာန်လင်းထက်”
အားလျှံတစ်ခွန်းတည်းခေါ်လိုက်သည်။
“ဟုတ်ပြီ ကိုယ် မစ တော့ဘူး ချစ်တယ် အားလျှံ”
သို့မှသာရင်ခွင်ထဲမှ ထုတ်လေသည်။