နှစ်ဖက်မိဘများလက်ဖွဲ့သောဝင်ဒါမီယာရပ်ကွက်တစ်ခုမှခြံဝင်းကျယ်ကျယ်အတွင်းရှိနှစ်ထပ်တိုက်အိမ်ကြီးရှိရာဆီသို့အနီရောင်ပြိုင်ကားလေးမှာတရွေ့ရွေ့ခရီးနှင်လာလေတော့သည်။
တစ်ယောက်သောသူမှာတော့အပျော်ကြီးပျော်နေပေမယ့်တစ်ယောက်သောသူကတော့တိတ်ဆိတ်ခြင်းများစွာနှင့်။
အားလျှံမှာတစ်လမ်းလုံးစကားတစ်ခွန်းမှမပြောသည့်အပြင်ဈာန်လင်းထက်ဘက်မှစကားစလာရင်တောင်အနည်းကျဉ်းမျှပင်မတုံ့ပြန်ပေ။
အိမ်ကြီးအရှေ့ရှိဆင်၀င်အောက်၌ကားကိုထိုးရပ်လိုက်သည်။ကားပေါ်မှကြင်စဦးမောင်နှံမှာဘေးပတ်၀န်းကျင်ကိုစူးစမ်းကြည့်ရင်းအသင့်ပါလာသောအိမ်သော့ကိုဖွင့်ကာ၀င်လိုက်ကြတော့သည်။
လက်ယာမြောက်လွန်းသောကျွန်းတံခါးကြီးကို ဖွင့်လျှင်ဖွင့်ချင်း အပေါ်ထပ်သို့တက်သောလှေကားကြီးမှာတခန့်တညားနှင့်ခရီးဦးကြိုနေလေသည်။
အောက်ထပ်ဧည့်ခန်းမ၌ဆက်တီတို့ဖြင့်နေရာယူထားပြီး TV တစ်လုံးလည်းအသင့်ပါနှင့်ပြီးသား။
ဧည့်ခန်းမှလှမ်းကြည့်တော့ထမင်းစားခန်းဖြစ်ဟန်ရှိသည့်အခန်းရဲ့တံခါးကိုလှမ်းတွေ့ရသည်။
ဈာန်လင်းထက်လည်းမီးဖိုချောင်ဖက်လှည့်ထွက်လာကာဟိုဟိုသည်သည်စူးစမ်းနေလိုက်သည်။
အိုးခွက်ပန်းကန်စုံလင်နေသည့်အပြင်၊ဂက်စ်မီးဖို၊လျှပ်စစ်မီးဖို၊ရေခဲသေတ္တာစသည့်အသုံးအဆောင်များမှာလည်းအဆင်သင့်။
ထမင်းစားခန်းမှအပြင်ပြန်လည်ထွက်လာလေတော့တစ်ဦးတည်းကျန်နေခဲ့သည့်ချစ်ရသောကောင်ငယ်လေးမှာဧည့်ခန်းထဲချိတ်ထားသောသူ့ပုံလေးကိုစိတ်၀င်တစားနှင့်ကြည့်နေလေတော့သည်။
ဈာန်လင်းထက်သည်လည်းအားလျှံရဲ့ခါးကျဉ်းကျဉ်းအားအနောက်ကနေလှမ်းဖက်ရင်း
"ကိုယ် အားလျှံရဲ့ IG မှာအဲပုံလေးတင်ထားတာတွေ့လို့။သဘောကျတာနဲ့ဧည့်ခန်းထဲချိတ်ထားလိုက်တာလေ"
ပါးမို့မို့အားအနောက်ကနေလှမ်းကာနမ်းတော့ကောင်ငယ်လေးမှာမျက်နှာလွှဲရှာသည်။ ဈာန်လင်းထက်လည်း အားလျှံ ဘဝင်မကျကြောင့် သိလေတော့ ဆက်၍ မနမ်းဖြစ်လိုက်ပေ။