Zan Lin Htet ( U+Z )

14.5K 716 24
                                    

Unicode

Main က ဘယ်သူလဲ မမေးပါနဲ့။

ခေါင်းစဉ်ကတောင် "The Villain" ပါ။

အားလုံးထဲမှာမှ Villain ကိုပဲအသားပေးရေးထားပါတယ်။

Villain ကိုအဓိကရေးထားတဲ့အတွက်တခြားသူတွေအတွက်လိုသွားတာတွေ၊မတရားတာတွေရှိကောင်းရှိနိုင်ပါတယ်။

ဈာန်လင်းထက်ဆိုတဲ့ Villain အတွက်ပဲရေးထားတာမို့ Villain ကိုပဲအသာပေးတာပါ။

စျာန်လင်းထက်ကသာသေချာပေါက် Main ပါ။

ဈာန်လင်းထက်ရဲ့ Original Character ကကို တရားတာမတရားတာမသိဘူး။အားလုံးအပေါ်မှာအနိုင်လိုချင်တယ်။မရရတဲ့နည်းနဲ့အနိုင်ရအောင်လုပ်တတ်တဲ့ သူမျိုး။

တခုခုကိုပိုင်ဆိုင်ရမယ်၊တစ်ယောက်ယောက်အပေါ်မှာအနိုင်ယူရမယ်ဆိုရင် ရတဲ့နည်းနဲ့ ရအောင်လုပ်ယူတတ်တဲ့လူတစ်ယောက်ပါ။ဉာဏ်နီဉာဏ်နက်လည်းများပါတယ်။ဈာန်လင်းထက်က‌လူကောင်းတစ်ယောက်တော့မဟုတ်ပါဘူး။

မိန်းကလေးတွေကိုအထည်လဲတွဲတဲ့လူတစ်ယောက်။တွဲသမျှမိန်းကလေးတိုင်းနဲ့လည်းကျူးကျူးလွန်လွန်ဖြစ်တတ်တဲ့လူ။ကုတင်ပေါ်ကကိစ္စဆိုတာဈာန်လင်းထက်အတွက်အလွယ်ကူဆုံးအလုပ်ပါ။သို့ပေမယ့်လည်းဘယ်သူ့ကိုမှမချစ်တတ်တဲ့နှလုံးသားမရှိတဲ့လူတစ်ယောက်။စျာန်လင်းထက်က Play boy တစ်ယောက်။

မိဘအသိုင်းဝိုင်းတွေကလည်းအဖက်ဖက်ကပြည့်စုံသူ၊ရုပ်ရည်ဥစ္စာကအပြစ်ပြောစရာမရှိအောင်ပြည့်စုံသူမို့မျှော့လိုအတင်းတွယ်ကပ်တတ်တဲ့လူတွေကလည်းအများကြီးရယ်ပါ။

မကောင်းတာမှန်သမျှဈာန်လင်းထက်လုပ်နိုင်ပါတယ်။ဈာန်လင်းထက်ကလူဆိုးမဟုတ်ပေမယ့်လူကောင်းလည်းမဟုတ်ပါဘူး။

သူအဆင်ပြေဖို့၊သူ့အတွက်သာကြည့်တတ်တဲ့သူမို့ဈာန်လင်းထက်ဟာတဘို့တည်းသမားပါ။ဘယ်သူ့အပေါ်မှာမှလွယ်လွယ်နဲ့ကောင်းပေးတဲ့သူမျိုးမဟုတ်ပါဘူး။

ဒီလိုလူကအပေါင်းအသင်းဆက်ဆံရေး၀င်ဆံ့တယ်ပြောရင်ဟာသဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သို့ပေမယ့်ဈာန်လင်းထက်ကမိတ်အများကြီးရှိတဲ့ Bar ပိုင်ရှင်လူငယ်တစ်ယောက်ပါ။

The Villain || U+Zजहाँ कहानियाँ रहती हैं। अभी खोजें