ကျွန်တော့်ကိုအိမ်ပြန်ရောက်တဲ့အထိခြိမ်းခြောက်နိုင်စွမ်းရှိတဲ့လူလို့ဆိုရလေမလား ....
ကျွန်တော်လုံး၀သက်သောင့်သက်သာမရှိပါဘူး။
အိမ်ပြန်ရောက်တော့အမေကကျွန်တော့်ကိုမြင်ပေမဲ့လည်းဘယ်ကပြန်လာလဲဆိုတာတောင်မမေးခဲ့ပါဘူး။
ကျွန်တော်ဘာတွေဖြစ်လာခဲ့လဲဆိုတာကိုအမေကသိနေခဲ့လို့ကျွန်တော့်ကိုစိတ်ပျက်နေတာများလား။ကျွန်တော်တကယ်ကိုလိပ်ပြာမလုံပါဘူး။
အခန်းထဲရောက်တော့ကျွန်တော်ပင်ပန်းလွန်းလို့မွေ့ယာပေါ်ပစ်လှဲလိုက်မိသည်။
ဘယ်ကနေဘယ်လိုစီးကျလာမှန်းမသိတဲ့မျက်ရည်တွေကကျွန်တော့်ခေါင်းအုံးပေါ်မှာစိုစိစိနှင့်နေရာယူလျက်။
ကျွန်တော့်အတွေးထဲအကို့ကိုဘယ်လိုမျက်နှာပြရမလဲဆိုတာရယ်၊အကိုနဲ့ဘယ်လိုရှေ့ဆက်ရမလဲဆိုတာရယ်ကိုပဲတွေးတောနေမိသည်။
နောက်ပြီးကျွန်တော်ကြောက်တယ်။
အကို့အနားမှာအမြဲရှိနေပေးပါ့မယ်လို့ကတိပေးဖူးတဲ့ကျွန်တော်က ကတိမတည်ဘူးဆိုတာမျိုးမဖြစ်ချင်ဘူး။
ကျွန်တော့်အကြောင်းတွေအကိုသိသွားပြီးစိတ်ပျက်သွားတယ်ဆိုတာထက်ရွံသွားမှာကိုပိုကြောက်တယ်။
ကျွန်တော်ကြောက်တယ်။
အကို့ကိုဈာန်လင်းထက်တခုခုလုပ်လိုက်မှာကျွန်တော်ကြောက်တယ်။ကျွန်တော်တခုခုအမှားလုပ်လိုက်မိရင်အကို့ကိုသက်ရောက်သွားမှာကျွန်တော်အရမ်းကြောက်တယ်။
တနေကုန်ကျွန်တော်စိတ်ပျက်လက်ပျက်နဲ့အိပ်ရာပေါ်မှာကွေးနေမိသည်။
ဒီရွံစရာကောင်းတဲ့ခန္ဓာကိုယ်ကြီး .....
ကျွန်တော်မချစ်မနှစ်သက်တဲ့လူနဲ့ဖြစ်ပျက်ခဲ့တဲ့ရွံစရာခန္ဓာကိုယ်ကြီး။
ဟုတ်ပါတယ်။သူပြောသလိုပါပဲ ....ကျွန်တော်၀န်ခံလိုက်လို့အကိုသိသွားရင်ကျွန်တော့်ခန္ဓာကိုယ်ကိုအကိုကသတီပါ့မလား။
အခုချိန် အပင်ပန်းဆုံးက အကိုဆိုပေမဲ့ ကျွန်တော်လည်းအကိုနဲ့ထပ်တူပါပဲ။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)