4 ( U+Z )

5.1K 536 14
                                    

December 25 ( Christmas Day )

ထိုနေ့ဆေးခန်းပိတ်လေတော့နွေဦးလျှံတစ်ယောက်အခန်းထဲကွေးလို့ကောင်းနေတုန်းပင်။

"ဒေါက် ဒေါက် ဒေါက်"

အခန်းတံခါးခေါက်သံ‌ကြားသည်မို့အိမ်ရာမှကမန်းကတမ်းထကာသွားဖွင့်လေသည်။

အိမ်အကူကောင်မလေးရဲ့လက်ထဲမှာတော့အထုတ်တစ်ထုတ်နှင့်။

"အကိုလေးနာမည်နဲ့အထုတ်တစ်ထုတ်လာပို့သွားလို့ပါ"

"အော်အေး ပေးပေး"

အထုတ်ကိုသူလှမ်းယူကာအခန်းတံခါးပိတ်ပြီးအခန်းထဲပြန်၀င်လာလေသည်။

"ငါဘာမှလည်းမမှာထားပါဘူး။"

ရေရွတ်ရင်းအထုတ်ကိုသာဖွင့်ဖောက်ကြည့်နေလေတော့သည်။

နောက်ဆုံးတော့သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူ့မျက်လုံးကိုပင်သူမယုံနိုင်။

သူအရမ်းလိုချင်နေခဲ့တဲ့ဖိနပ်လေး .....

ခပ်သွက်သွက်ပင်ပါကင်ကို‌ဖွင့်ဖောက်လိုက်တော့ G-Dragon ရဲ့ Nike Air Force 1 "Para-Noise 2.0 " တဲ့လေ။

"ဘုရားရေ အကိုပေးတာများလား ..."

သူရေရွတ်လိုက်သည်။

"ဟမ် ...ဒေါ်လာနှစ်ရာတောင်လေ "

ဖိနပ်ကိုမှောက်လိုက်ပြန်လိုက်နှင့်သူကြည့်မ၀ဖြစ်နေရပြန်သည်။

နောက်ဆုံးတော့ဖိနပ်အိတ်ထဲမှာပါလာတဲ့စာကိုသူမြင်သွားလေသည်။

စာထဲမှာကား .....

IG မှာ G-Dragon ပုံတွေခဏခဏတင်ပြီး Story မှာ BigBang သီချင်းတွေအမြဲတင်တတ်တဲ့ VIP လေးအတွက် သဘောကျလောက်မယ့်ဖိနပ်ကို Christmas လက်ဆောင်ပေးလိုက်တာပါ။

အားလျှံက Big Bang ရဲ့ VIP တင်မဟုတ်ဘူး။ကိုယ့်အတွက်လည်း VIP ပါပဲ။

ကိုယ်ပေးတဲ့ဒီဖိနပ်လေးကိုစီးပြီးကိုယ့်အနားကနေအဝေးထွက်ပြေးသွားမှာကိုစိုးတော့စိုးရိမ်မိသား။

ဒါပေမယ့်လည်းကိုယ့်အချစ်တွေမင်းမြင်လာတဲ့အခါဒီဖိနပ်လေးစီးပြီးကိုယ့်အနားကိုအပြေးလေးအရောက်လာခဲ့ပါနော်။

The Villain || U+ZOnde histórias criam vida. Descubra agora