ခပ်စူးစူးနဲ့နယ်ကျွံလာတဲ့နေရောင်ခြည်ခပ်နွေးနွေးကနွေဦးလျှံရဲ့မျက်နှာနုနုအပေါ်သို့သက်ဆင်းလာလေတော့မျက်လုံးကိုမဖွင့်ချင်ဖွင့်ချင်နှင့်လှူးလှိမ့်နေရှာတော့သည်။
မှောက်ယက်ကလေးသူအိပ်ပြန်တော့မသက်မသာနှင့်။
ခါတိုင်းအိပ်နေကျရင်းနှီးပြီးသားအိပ်ရာမဟုတ်လေတော့သူ့အတွက်အကျောဆန့်ရသည်မှာသိပ်အဆင်မပြေ။
ရုတ်တရက်၀င်လာတဲ့အတွေးကြောင့်နံဘေးကခင်ပွန်းသည်အားလှမ်းကာကြည့်မိတော့ဈာန်လင်းထက်မှာရှိမနေတော့ပေ။
"ဒီလူဘယ်တုန်းကထသွားတာလဲ"
အိပ်ချင်မူးနူးနှင့်ဆောင့်ဆောင့်အောင့်အောင့်ထထိုင်ကာအိပ်ရာနံဘေးကစားပွဲပေါ်တင်ထားတဲ့ဖုန်းကိုလှမ်းယူပြီးနာရီကြည့်လိုက်မိသည်။
"မနက်ရှစ်နာရီခွဲ"
ဖုန်းမျက်နှာစာ၌ ပေါ်နေသည့် အချိန်အား သူခပ်တိုးတိုးရွတ်ဖတ်ပြီးမှာတော့ ဖုန်းကိုဘေးချကာရေချိုးမိုးချိုးဖို့ပြင်ဆင်ရသည်။
သူ့မှာ ညကဗိုက်ဆာသော်လည်း ဈာန်လင်းထက်နှင့်ရှည်ရှည်ဝေးဝေးပြောဆိုဆက်ဆံမှု မပြုချင်ပြန်တော့
ဝယ်လာပေးသည့် ကြေးအိုးဆီချက်ကို မျက်စောင်းသာထိုးရင်း မစားဘဲအိပ်ရာ၀င်ခဲ့မိသည့်အပြစ်ကြောင့်
အခုတော့သူ့ဗိုက်ထဲမှတဂွီဂွီမြည်လျက်။ရေချိုးပြီးနောက် သက်သောင့်သက်သာရှိသည့် အဝတ်အစားတို့ကိုရွေးဝတ်ကာ မနက်စာအတွက် ဗိုက်ဖြည့်ဖို့ တစ်ခုခုရှာရန်အောက်ထပ်သို့ဆင်းလာလိုက်တော့သည်။
ထမင်းစားအခန်းထဲသို့ ဝင်ရန်ခြေလှမ်းပြင်လိုက်စဉ်မှာတော့
"အားလျှံ နိုးပြီလား"
အပျော်လွန်နေတဲ့မျက်နှာထားနှင့်ဈာန်လင်းထက်တစ်ယောက်ကောင်ငယ်လေးအားလှမ်းမေးလိုက်သည်။
မနက်ခင်းတွင် ပထမဆုံးမြင်ရသည့်မျက်နှာထား။ ပထမဆုံးကြားရသည့် စကားသံ။ သူ့အတွက် အံဝင်ခွင်ကျကာ စိတ်ချမ်သာမှု မပေးနိုင်သည့်ထိုလူကြောင့် အားလျှံ သက်ပြင်းအရှည်ကြီးကို ချမိသည်။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)