6 ( U+Z )

4.6K 476 5
                                    

‌တဖန် ဝိုင်ပုလင်အား လှည့်လိုက်စဉ်မှာတော့ အားလျှံ ဖက်ကိုညွှန်ပြလျက်။

"မင်း ယောက်ျားလေးကိုကြိုက်တာလား။မိန်းကလေးကိုကြိုက်တာလား အားလျှံ"

အားလျှံသည်သူ့အတွက်မေးလာတဲ့မေးခွန်းကိုဖြေဖို့နည်းနည်းလေးမှစဉ်းစားနေဟန်မပေါ်။

အရှေ့မှာချထားတဲ့ အရက်တစ်၀က်ဝိုင်တစ်၀က်ရောထားသော ခွက်ကိုသာလှမ်းယူရင်းတငုံတည်းနှင့်မော့သောက်ရှာသည်။

"မင်းကမဖြေဘူးဆိုတဲ့သဘောပေါ့"

"ဒါပေါ့"

အားလုံးကမျက်ခုံးကိုယ်စီပင့်ရင်း နောက်တစ်ကြိမ် ဝိုင်ပုလင်းကိုထပ်မံလှည့်‌သည်။ထိုတစ်ကြိမ်မှာတော့ဈာန်လင်းထက်အားဝိုင်ပုလင်းကညွှန်ပြလေသည်မို့

"ကိုဈာန်လင်းထက်နဲ့အားလျှံရဲ့ပက်သက်မှုက"

ဟု သူရိန်က၀င်းမေးလေတော့သည်။

"အားလျှံက ကိုယ့် crush လို့ဆိုရမလား။ကိုယ်စိတ်ရင်းနဲ့သဘောကျမိတဲ့ ပထမဆုံးသောကောင်လေး"

ဈာန်လင်းထက်ရဲ့အဖြေဆုံးတော့

"ရူးနေတာလား ဘာတွေပြောနေတာလဲ"

အားလျှံသည် သူ့အရှေ့တွင်အဆင်သင့်ထည့်ထားသောဝိုင်ခွက်ကိုလှမ်းမော့ရင်းဒေါသတကြီးဆိုလိုက်သည်။

"ဝိုး ..... မင်း ကိုဈာန့်ကိုစဉ်းစားပေးသင့်တယ်နော်"

အားလုံးကဝိုင်းစနောက်ကာ‌ရယ်မောကြပေသော်လည်းအားလျှံကတော့စိတ်ပျက်လက်ပျက်နှင့်မျက်စောင်းသာထိုးနေတော့သည်။

မျက်ခုံးလှလှလေးများသည်လည်းတွန့်ကာချိုးလျက်။

ဆယ့်နှစ်နာရီပင်မထိုးသေး ......

ကောင်လေးကတော့သူ့နံဘေးမှာထိုင်နေတဲ့ ဈာန်လင်းထက်ပုခုံးအပေါ်ကိုခေါင်းတင်ထားကာ မျက်စိမဖွင့်နိုင်အောင်မူးနေတော့သည်။

မူးဆို .... ဝိုင်ပုလင်းကသူ့ဘက်ချည်းပဲညွှန်းနေပြီးသူငယ်ချင်းတွေမေးသမျှမေးခွန်းတွေတိုင်းကလည်းသူမဖြေနိုင်တာတွေချည်းဖြစ်နေတာကို။

The Villain || U+ZWhere stories live. Discover now