ကျွန်တော့်သူငယ်ချင်းနှစ်ယောက်နဲ့ bar မှာသောက်ပြီးအိမ်ပြန်ရောက်တဲ့အချိန်ကတော့ညသန်ခေါင်ဖြစ်နေပါပြီ။
ခြေသံဖွဖွနင်းရင်းကျွန်တော်အပေါ်ထပ်တက်လာမိတယ်။အခုလောက်ဆိုအားလျှံလည်းအိပ်နေရောပေါ့။
သူအနှောင့်အယှက်မဖြစ်အောင်ကျွန်တော်တံခါးကိုအသံမထွက်စေဘဲဖွင့်ရင်းအခန်းထဲ၀င်လာမိတာပါ။
တကယ်လို့သူအိပ်နေတုန်းကျွန်တော့်ကြောင့်ပြန်နိုးသွားရင်အထိုးခံရမယ့်မျက်စောင်းနဲ့ဆောင့်ဆောင့်အောင့်အောင့်ပြောလာမယ့်စကားတွေကိုကျွန်တော်တကယ်မခံနိုင်ပါဘူး။
ကျွန်တော်ငြိုငြင်နေတာတော့မဟုတ်ပါဘူး။ ကျွန်တော့်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတဲ့သူ့ကိုမြင်ရင် ကျွန်တော်ပါ စိတ်အခြေအနေအဆင်မပြေတော့လို့ပါ။
ကျွန်တော်တံခါးဖွင့်လိုက်စဉ်မှာပဲ
"ဘုရားသခင် ...."
ကျွန်တော်လန့်သွားရပါတယ်။အားလျှံကတောင့်တောင့်ကြီးရပ်ပြီးကျွန်တော့်ကိုစိုက်ကြည့်နေတယ်လေ။
ထွက်ပြေးရမလိုလို ရယ်ပဲရယ်ပြရမလိုလိုနဲ့ ကျွန်တော် ခေါင်းနပန်းကြီးသွားရပါတယ်။ လမ်းပျောက်နေတယ်ဆိုတာ ဒါမျိူးကိုပြောတာနေမှာ။
"အားလျှံ ...."
ကျွန်တော်ရယ်ပြရင်းသူ့နာမည်ကိုခေါ်လိုက်တော့
"အရက်စော် မွန်ထူနေရော"
အားလျှံက သူ့နှာခေါင်းကိုသူလက်ညှိုးနဲ့ပိတ်ပြီးကျွန်တော့်ကိုမျက်နှာပျက်ပြရင်းဆိုလာတယ်။
တကယ်ဆို ကျွန်တော် အရက်တစ်ခွက်လောက်ပဲသောက်လာမိတာပါ။ဝိုင်ချည်းသောက်နေမိတဲ့ကျွန်တော့်ကိုအားလျှံက အရက်နံ့နံတယ်ဆိုတော့ ကျွန်တော်လည်းကျွန်တော့်ကိုယ်ကျွန်တော်ပြန်အနံ့ခံမိတယ်။သောက်ထားတဲ့သူမို့လို့ထင်ပါရဲ့။ဘာဆိုဘာအနံ့မှမရဘူး။
"အားလျှံကလည်း မနံပါဘူး"
ကျွန်တော်ခေါင်းကုတ်ရင်းစပ်ဖြီးဖြီးနဲ့ပြုံးပြပြီးပြောလိုက်မိတယ်။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)