46 ( U+Z )

3.5K 304 7
                                    

"ကျွန်တော်တို့ ဟန်းနီးမွန်းမထွက်ဖူးဘူးမလား ကိုကို"

အားလျှံသည် ဧည့်ခန်းအတွင်းချိတ်ထားသည့် ငါးပေကျော်ကျော် မင်္ဂလာဓာတ်ပုံဘောင်လေးအား ပွတ်သတ်ရင်း လှမ်းမေးလာခြင်းဖြစ်သည်။

"အင်း မသွားဖြစ်သေးဘူး"

ဈာန်လင်းထက် အငြင်းစကား အသာယာဖြေသည်။

"ကျွန်တော်တို့အိမ်ထောင်သက်တမ်းတစ်နှစ်ပြည့်ပြီမလား"

"အောက်တိုဘာ ၁၄ ဆို တစ်နှစ်ပြည့်ပြီ"

အတိအကျပြောလိုက်ခြင်းကြောင့် အားလျှံ မှင်သက်မိသည်။သူနှင့်ပက်သက်သမျှတိုင်းအားစေ့စေ့စပ်စပ်ဖြေနိုင်လွန်းသည့်ခင်ပွန်းသည်ကိုအားလျှံမကျေနပ်နိုင်။

"ကျွန်တော့်မွေးနေ့ကိုသိလား"

"ဖေဖော်ဝါရီ ၁၄ . ၂၀၀၀ "

ဈာန်လင်းထက် စဉ်းစားချိန်ပင်မယူ။ ချက်ချင်းဖြေလိုက်သည်။

"ဘာလို့ရက်တွေကို လိုက်မှတ်နေရတာလဲ။
ဦးနှောက်ထဲ ပြည့်မနေသေးဘူးလား"

"ကိုယ်မှတ်ထားတာမဟုတ်ဘူး။ အားလျှံနဲ့ပက်သက်တာတွေကိုဆို အလိုလိုနေရင်း မှတ်မိနေတာကိုယ့်ရဲ့အားနည်းချက်"

"ကိုကိုက ကျွန်တော့်ကိုရှက်အောင်လုပ်ပြန်ပြီ"

ရဲတက်နေသောပါးမို့မို့တို့သည် အားလျှံအနည်းငယ်ရှက်နေကြောင်း သက်သေပြလျက်။

"ဒီလ ၁၄ ရက်နေ့ဆို ကိုယ်တို့အိမ်ထောင်သက်တစ်နှစ်ပြည့်ပြီဆိုတော့ အားလျှံ ဘယ်သွားချင်လဲ။ကိုယ်တို့ အတူတူသွားရအောင်လေ"

"ကိုကို နေရာရွေး ...."

ပခုံးလေးကိုတွန့်ပြရင်း ကလေးတစ်ယောက်သဖွယ်အပြစ်ကင်း‌စင်သောမျက်နှာထားဖြင့် ပြုံးပြပြန်တော့ ဈာန်လင်းထက် ရင်ခုန်ရပြန်သည်။

ထိုအပြုံးတို့အား သူရူးရူးသွပ်သွပ်နှင့်စွဲလမ်းဖူးခဲ့သည်မှာ ပထမဆုံး စစတွေ့ ကတည်းကပင်။

အခုချိန်အထိ စွဲလမ်းမှုတို့ မရပ်တန့်သွားတော့ သူ့မှာ ထိုအပြုံးနုနုလေးအား မြင်လိုက်ရတိုင်း အသစ်တဖန်အစဉ် ရင်ခုန်နေမိဆဲဖြစ်သည်။

The Villain || U+ZTempat cerita menjadi hidup. Temukan sekarang