7 ( U+Z )

4.3K 445 9
                                    

အခုတော့အပြေးသန်တဲ့ကောင်ငယ်လေဟာမောဟိုက်လွန်းလို့ထင်ပါရဲ့။Lover set မှာဒူးလေးပိုက်ကာထိုင်ပြီးအိပ်မောကျနေလေသည်။

"တကယ့်ကလေးလေး ....."

ကားမောင်းနေရင်းနှင့်တစ်ချက်တစ်ချက်ခိုးခိုးကြည့်ကာရေရွတ်လိုက်သူကတော့ ဈာန်လင်းထက်ရယ်ပါ။

ဈာန်လင်းထက် .....

နာမည်ကတော့ အရာအားလုံးထက်မြင့်မြတ်တဲ့ ဈာန်သမာဓိ၊လင်းလက်တဲ့ဘဝ နဲ့ ဉာဏ်ရည်ထက်မြတ်မှု တွေကိုရည်ညွှန်းနေပေမယ့်တကယ်တမ်းကျတော့ သူ့ကိုယ်သူတောင်လူကောင်းမဟုတ်ဘူးလို့ခံယူထားတဲ့သူမျိုး။

အထက်တန်းကျောင်းကတည်းပြဿနာပေါင်းစုံရှာတယ်။မြေးချစ်တဲ့အဖွားနဲ့သားချစ်တဲ့အမေကအနောက်ကနေပိုက်ဆံအိတ်ကိုင်ပြီးလိုက်ရှင်းတယ်။

တက္ကသိုလ်တက်တဲ့အရွယ်ရောက်လာပြန်တော့လည်းထိုနည်းလည်းကောင်းပါပဲ။

လက်ညှိုးထိုးသမျှကိုလိုက်ဖြည့်ဆည်းပေးတတ်တဲ့ အမေကိုရထားလေတော့ငယ်ငယ်ကတည်းကနေအခုချိန်ထိမပိုင်ဆိုင်ခဲ့ဖူးတာမရှိ။

နောက်ဆုံး ငွေကုန်ကြေးကျအများကြီးခံပြီး bar ဖွင့်ပေးရတဲ့အထိပူဆာတတ်တဲ့သူမျိုး။

အဖေကမလိုက်လျောရင် အဖေရဲ့အမေဖြစ်တဲ့ စျာန်လင်းထက် အဖွားက သားဖြစ်သူ စျာန်လင်းထက်ရဲ့အဖေကို ငေါက်တတ်သေးသည်။

ဈာန်လင်းထက်တို့ ဉာဏ်ရည်မြင့်ချက်ကတော့ နွေဦးလျှံတို့အိမ်က အိမ်အကူကောင်မလေးကိုလစာပေးပြီး နွေဦးလျှံအကြောင်းနေ့စဉ်သံတော်ဦးတင်ခိုင်းတဲ့အထိပါပဲ။

ဉာဏ်ရည်မြင့်တယ်လို့ဆိုတာထက် ဉာဏ်နီဉာဏ်နက်ဉာဏ်ပြာဉာဏ်ဝါဉာဏ်ရောင်စုံတွေထုတ်နိုင်တယ်လို့ပြောရင်ပိုမှန်မယ်ထင်ပါတယ်။

ဒါကြောင့်မို့လို့လည်း မော်လမြိုင်သွားမယ့်ကောင်လေးနဲ့ မတိုက်ဆိုင်တာကို တိုက်ဆိုင်အောင်သူဖန်တီးနိုင်ခဲ့တာလေ။

အိပ်ပျော်နေတဲ့နွေဦးလျှံမှာသူ့ဖုန်းအသံကြောင့်နိုးလာရပြန်တော့သည်။

"ဟယ်လို ...."

ဖုန်းမှာမှတ်ထားတဲ့နာမည်ကိုပင်သူမဖတ်တော့ပဲပြောလိုက်ခြင်းဖြစ်‌သည်။

The Villain || U+ZWhere stories live. Discover now