"Alex ဈာန် ... ငြိမ်ငြိမ်လေးထိုင်နေလို့မရဘူးလား
ဒီမှာ သားကိုကို သွားကိုက်လို့ ငိုနေတယ်လေ"နားပူနားဆာလုပ်ကာ ဟိုတက်ခွ သည်တက်ပြေးနှင့် အမျိူးမျိုးအနှောင့်အယှက်ပေးနေသူက Alex ဈာန်ပင်။
"သူ့သွားကိုနှုတ်ပစ်လိုက် ပါပါး"
ဈာန့် စကားအဆုံး၌ Alex လျှံ သည် သည်းသည်းမည်းမည်းအော်ငိုကာ အားလျှံ ရင်ခွင်ထဲတိုးဝင်တော့သည်။
"No ... No ... Don't do like this ပါပါး .."
"ကိုယ်တော့ လျှံ့ကို သနားနေပြီ ..
ကလေးက တနေ့လုံးတညလုံးတောက်လျှောက်ငိုနေတာ"အားလျှံရင်ခွင်ထဲမှ သားအကြီးဖြစ်သူအား ဈာန်လင်းထက် တယုတယပွတ်သတ်ပေးရင်း စိတ်မကောင်းဖြစ်ရှာသည်။
"ပါပါးဆေးတိုက်မယ်နော်
ကတိပေးတယ် ကောင်းသွားစေရမယ်""ယောက်ျားမဟုတ်ဘူးလား
ယောက်ျားဆိုတာ ဆေးမကြောက်ရဘူး
မင်း ၃တန်းတောင်ရောက်နေပြီပဲ""သွား သွား ကိုကို ... ကိုကို့သားကိုခေါ်ပြီး အခန်းအပြင်ထွက်သွားလိုက်တော့"
အားလျှံ၏စကားအဆုံး၌ ဈာန်လင်းထက်သည်လည်း ချက်ချင်းပင် ထိုင်ရာမှ ထကာ Alex ဈာန်အား ခါး၌ချိတ်တွယ်ကာချီမ၍ အခန်းအပြင်ထွက်သွားလေတော့သည်။
အပြင်သို့ရောက်သောအခါ
"သိလား ဖေဖေ ... ပါပါးက လျှံ့ကိုဂျင်းထည့်နေတာ"
ခပ်တိုးတိုးပြောရင်း အားလျှံရှိနေသည့်အခန်းတံခါးအား ငေးငေါ့ပြလိုက်သည်။
"ဘာဂျင်းထည့်လိုက်ပြန်ပြီလဲ ပြောပါဦး"
ဈာန်လင်းထက် ခန္ဓာကိုယ်အား ယိမ်းလိုက်ကာ Alex ဈာန် မျက်နှာ အရှေ့ တိုးကပ်ရင်း မေးပြန်တော့
"လျှံက သွားကိုက်နေတာလေ"
"အေးလေ သွားကိုက်နေတာလေ"
"သွားကိုက်ရင် သွားကိုဆေးထည့်ပေးရမှာပေါ့ ဘာလို့ ဆေးတိုက်တာလဲ။ ပါပါးတိုက်လိုက်တဲ့ဆေးတွေက အစာအိမ်ထဲရောက်ပြီး အီးတွေဖြစ်ကုန်မှာပဲလေ။ ဖေဖေစဉ်းစားကြည့် အစာအိမ်နဲ့သွားက အဝေးကြီး။ တစ်ယောက်တစ်လမ်း"
Alex ဈာန် စကားကြောင့် ဈာန်လင်းထက်တစ်ယောက် ဟင်ခနဲဖြစ်သွားရလေတော့သည်။
Zawgyi
"Alex ဈာန္ ... ၿငိမ္ၿငိမ္ေလးထိုင္ေနလို႔မရဘူးလား
ဒီမွာ သားကိုကို သြားကိုက္လို႔ ငိုေနတယ္ေလ"နားပူနားဆာလုပ္ကာ ဟိုတက္ခြ သည္တက္ေျပးႏွင့္ အမ်ိူးမ်ိဳးအေနွာင့္အယွက္ေပးေနသူက Alex ဈာန္ပင္။
"သူ႔သြားကိုႏႈတ္ပစ္လိုက္ ပါပါး"
ဈာန႔္ စကားအဆံုး၌ Alex လ်ွံ သည္ သည္းသည္းမည္းမည္းေအာ္ငိုကာ အားလ်ွံ ရင္ခြင္ထဲတိုးဝင္ေတာ့သည္။
"No ... No ... Don't do like this ပါပါး .."
"ကိုယ္ေတာ့ လ်ွံ႔ကို သနားေနၿပီ ..
ကေလးက တေန့လံုးတညလံုးေတာက္ေလ်ွာက္ငိုေနတာ"အားလ်ွံရင္ခြင္ထဲမွ သားအႀကီးျဖစ္သူအား ဈာန္လင္းထက္ တယုတယပြတ္သတ္ေပးရင္း စိတ္မေကာင္းျဖစ္ရွာသည္။
"ပါပါးေဆးတိုက္မယ္ေနာ္
ကတိေပးတယ္ ေကာင္းသြားေစရမယ္""ေယာက္်ားမဟုတ္ဘူးလား
ေယာက္်ားဆိုတာ ေဆးမေၾကာက္ရဘူး
မင္း ၃တန္းေတာင္ေရာက္ေနၿပီပဲ""သြား သြား ကိုကို ... ကိုကို႔သားကိုေခၚၿပီး အခန္းအျပင္ထြက္သြားလိုက္ေတာ့"
အားလ်ွံ၏စကားအဆံုး၌ ဈာန္လင္းထက္သည္လည္း ခ်က္ခ်င္းပင္ ထိုင္ရာမွ ထကာ Alex ဈာန္အား ခါး၌ခ်ိတ္တြယ္ကာခ်ီမ၍ အခန္းအျပင္ထြက္သြားေလေတာ့သည္။
အျပင္သို႔ေရာက္ေသာအခါ
"သိလား ေဖေဖ ... ပါပါးက လ်ွံ႔ကိုဂ်င္းထၫ့္ေနတာ"
ခပ္တိုးတိုးေျပာရင္း အားလ်ွံရိွေနသည့္အခန္းတံခါးအား ေငးေငါ့ျပလိုက္သည္။
"ဘာဂ်င္းထၫ့္လိုက္ျပန္ၿပီလဲ ေျပာပါဦး"
ဈာန္လင္းထက္ ခႏၶာကိုယ္အား ယိမ္းလိုက္ကာ Alex ဈာန္ မ်က္ႏွာ အေရ႔ွ တိုးကပ္ရင္း ေမးျပန္ေတာ့
"လ်ွံက သြားကိုက္ေနတာေလ"
"ေအးေလ သြားကိုက္ေနတာေလ"
"သြားကိုက္ရင္ သြားကိုေဆးထၫ့္ေပးရမွာေပါ့ ဘာလို႔ ေဆးတိုက္တာလဲ။ ပါပါးတိုက္လိုက္တဲ့ေဆးေတြက အစာအိမ္ထဲေရာက္ၿပီး အီးေတျြဖစ္ကုန္မွာပဲေလ။ ေဖေဖစဉ္းစားၾကၫ့္ အစာအိမ္နဲ႔သြားက အေဝးႀကီး။ တစ္ေယာက္တစ္လမ္း"
Alex ဈာန္ စကားေၾကာင့္ ဈာန္လင္းထက္တစ္ေယာက္ ဟင္ခနဲျဖစ္သြားရေလေတာ့သည္။
![](https://img.wattpad.com/cover/271116077-288-k928669.jpg)