A Lin and Zan ( U+Z )

2.3K 114 6
                                    

unicode

လင်းဝေဟန် အရှေ့ရှိ ဆက်တီပေါ်တွင် နေရာယူကာဝင်ထိုင်နေတဲ့ ဈာန်လင်းထက်အား August သေသေချာချာစူးစမ်းရင်း တခုခုကိုတွေးမိဟန်နဲ့ စိုက်ကြည့်နေသည်။

ဘာကိုမှနားမလည်နိုင်ဟန်နဲ့ လင်းဝေဟန်နံဘေး သူဝင်ထိုင်လိုက်ပြီး တောင်ကြည့်မြောက်ကြည့်ဖြင့် သက်ပြင်းရှည်ကိုချကာ တခုခုကို စိတ်ဝင်စားလျက်။

" အိမ် က ခေါ်ခိုင်းလိုက်လို့ ကျွန်တော့်ဆီရောက်လာတာလား "

လင်းဝေဟန်ရဲ့ အမေးကို ဈာန်လင်းထက် ခေါင်းခါယမ်းရင်း ငြင်းဆိုသည်။

" မဟုတ်ဘူး အလင်းဆီတမင်လာခဲ့တာ "

" ကျွန်တော့်မှာ ကိုဈာန်နဲ့ ဘာမှပြောစရာမရှိဘူး"

တပြတ်တသားငြင်းဆိုပြီးနောက်မှာ အလင်း မျက်နှာလွှဲမိသည်။

" အားလျှံ ...."

တချိန်ကသူမြတ်နိုးခဲ့ဖူးသော ကောင်ငယ်လေးရဲ့ နာမည်စကို ထုတ်ပြောလိုက်စဉ်မှာတော့

" အခု ကျွန်တော့်မှာ ကောင်လေးရှိနေပြီ
အားလျှံနဲ့ ပက်သက်ပြီးတော့ ကိုဈာန် တွေးပူနေစရာမလိုတော့ဘူးလို့ ကျွန်တော်ထင်တယ် "

လင်းဝေဟန် ဒေါသ ထွက် ကာ အသံခပ်ကျယ်ကျယ်နှင့်အော်ထုတ်လိုက်သည်။

သူ့မျက်ဝန်း ဝိုင်းဝိုင်းလေးမှာလည်း အနည်းငယ်ဝေ့ဝဲနေတဲ့ မျက်ရည်စများခိုအောင်းနေသည်။ ဒေါသ ထွက်သွားသည်မှာ သိသာလွန်းသည်။

လင်းဝေဟန် အဖြေကြောင့် August ကျေနပ်သွားမိပေမယ့် ဒေါသထွက်နေပြန်တော့ စိတ်ပူလာပြန်ရော။

" ကိုကို ..."

လင်းဝေဟန် လက်ကို August ခပ်ဖွဖွ ဆုပ်ကိုင်ရင်း တိုးတိုးညင်သာစွာ ခေါ်လိုက်သည်။

" အလင်း ကိုယ်ပြောတာ ဆုံးအောင်နားထောင်ပါဦး။ အခု ကိုယ်အလင်းဆီရောက်လာတာကလည်း အရေးမပါတာတွေကိုပြောပြီး အပူပေးနေဖို့ မဟုတ်ပါဘူး "

" အရင်ကအကြောင်းတွေပြန်မပြောချင်တော့ဘူး ကျွန်တော် အ‌ခု အကုန်အဆင်ပြေနေပြီ "

The Villain || U+ZWhere stories live. Discover now