45 ( U+Z )

3.7K 329 31
                                    

ညအိပ်ရာဝင်တုန်းကအတူတူပင်ဖြစ်သော်လည်း ဈာန်လင်းထက် မှေးခနဲအိပ်ပျော်ရင်း ပြန်နိုးလာစဉ်၌ အားလျှံ သူ့နံဘေး၌ရှိမနေတော့ပေ။

"အားလျှံ"

သန့်စင်ခန်းတံခါးကိုဖွင့်ကာကြည့်ပြန်တော့လည်းရှိမနေ။ နံရံပေါ်မှာတစ်ချက်ချက်မြည်နေသည့် စက္ကန့်လက်တံတို့က လွဲလျှင် တအိမ်လုံးတိတ်ဆိတ်နေသည်။

အတိအကျပြောရလျှင် ညသန်ခေါင်တိတိရှိပြီ။

"အားလျှံ"

အောက်ထပ်ဆင်းပြေးရင်း တအိမ်လုံးကိုမီးဖွင့်လိုက်သည်။

သူအထားခဲ့ခံလိုက်ရပြီများလား။ တွေးကာကြောက်ရသည်။

"အားလျှံ"

သူအော်ခေါ်နေသော်လည်းတုံ့ပြန်သံပင်မကြားရ။

မီးဖိုချောင်ထဲဝင်လိုက်မှ လက်ထဲ သရက်သီးအစိမ်းတစ်ခြမ်းနှင့်ဓားကိုကိုင်ကာ အူတူတူရပ်နေသည့်ကောင်ငယ်လေးအားတွေ့လိုက်ရသည်။

ထိုမှသာ ဈာန်လင်းထက် သက်ပြင်းချနိုင်တော့သည်။

စိတ်ဆိုးစိတ်‌ကောက်ကာ သူ့အားထားခဲ့လေပြီလား ဟု အတွေးလွန်လျက် ဈာန်လင်းထက်မသက်မသာဖြစ်ရသည်။

"ဘာလုပ်နေတာလဲ အားလျှံ"

ကောင်ငယ်လေးအနားကပ်သွားကာမေးလိုက်တော့ သရက်သီးအား သကြားနှင့် ဆား အချိုးအဆ ညီစွာ
အသေအချာရော၍ တို့ကာထိုင်စားနေခြင်းဖြစ်သည်။

အားလျှံကို ကြည့်ကာ ဈာန်လင်းထက် ပါးစောင်ရိုးများပါ တင်းမိသည်။

"ဗိုက်ဆာလို့ ....."

မျက်ခုံးလေးတွန့်ကာ မျက်နှာငယ်လေးနှင့်ဖြေလာသည်ကားလိမ်ဆွဲချင်စရာကောင်းလွန်းနေသည်။

"ပေါင်မုန့်ဖြစ်ဖြစ် တခြားဗိုက်ပြည့်တာမျိုးယူစားလေ။ဘယ်လိုဖြစ်လို့ သရက်သီးစိမ်းတွေစားနေတာလဲ အားလျှံ"

"မသိဘူး ...."

မစားဖို့ပြောနေရင်းနှင့်ပင် တကျွတ်ကျွတ်နှင့်ဝါးစားနေသေးသည်။

"ညဖက်ကြီး အိမ်သာပြေးနေရမယ်။တော်ပါတော့ ဒီလောက်ပဲစား"

သူ့လက်ထဲမှ သရက်သီးအား ဆွဲယူပြီး စားပွဲပေါ်ချကာ အပေါ်ထပ်သို့ မနည်းဆွဲခေါ်လာရသည်။

The Villain || U+ZWhere stories live. Discover now