33 ( U+Z )

3.1K 314 28
                                    

တစတစနှင့်တွန်မြည်နေသည့် ငှက်ငယ်တို့၏ နေဆာလှုံရင်းမှထွက်ပေါ်လာသော
တွန်သံ ချိုမြမြသည်ကား ဈာန်လင်းထက် မျက်နှာနုနုထံ နေရောင်ခြည် ဖျော့ဖျော့တို့နှင့်အတူ ယှဉ်တွဲကာ ခရီးနှင်လာကြလေသည်။

မနက်ဆိုတော်ရုံနှင့်မထနိုင်သူဖြစ်သဖြင့်ညည်းသံကိုသာဆိုလျက်။

ခါတိုင်းနေ့များကဲ့သို့ပင် မျက်လုံးမဖွင့်ခင် မျက်စိကိုပွတ်သတ်ကာ အားတင်းထထိုင်ရင်း "အားလျှံ" ဆိုပြီး အိပ်ချင်မူးတူးနှင့်ခေါ်မည်ကြိုးစားတော့ သူ့တကိုယ်လုံးလေးလံနေသဖြင့်ထမရ။

ခြေကိုအတင်းဆန့်ထုတ်၊လက်ကိုအတင်းဆန့်ထုတ်မည်လုပ်ပြန်တော့လည်း လှုပ်မရ။

"ဟင် ..."

သူ့ကိုယ်သူအံ့ဩမိကာမျက်စိကိုအသည်းအသန်ဖွင့်ကြည့်လိုက်တော့မှ မြင်လိုက်ရသည့်မနက်ခင်းမြင်ကွင်းကြောင့်သူအသက်ရှူမှားရပြန်သည်။

အရင်က သူနှင့်အားလျှံသည် တစ်ကုတင်တည်း အိပ်ကြသည်ဆိုသော်လည်း ဘယ်ဘက်အစွန်းနှင့်ညာဖက်အစွန်း ကိုယ်စီကပ်ကာ အဝေးဆုံးအကွာအဝေးဖြင့်အိပ်ကြသည်။ နောက်ကျောကိုလည်း မဖြစ်မနေခိုင်းထားလျက်သား။

ဒီနေကျတော့မှ နံဘေး၌ အိပ်မောကျနေသည့် ကောင်ငယ်လေးသည် သူ့ခြေတောက်အပေါ်တင်ခွထားသည့်အပြင် လက်မောင်းကိုလည်းခေါင်းအုံးထားသေး၏။

လက်ချောင်းသွယ်သွယ်တို့မှီတင်းရာသူ့လက်ငယ်ငယ်တို့ကတော့ ဈာန်လင်းထက်၏ ရင်ခွင်ကျယ်ကျယ်အပေါ် တင်ကာနေရာပေးထားသည်။

ခေါငငုံ့ကာအိပ်နေရှာလေတော့ နှာတံစင်းစင်းတို့ က ‌အပေါ်စည်းမှနေငုံ့ကြည့်ရသူအဖို့ ရင်ဖိုစေသည်။

အားလျှံ၏ဂုဏ်ပုဒ်များကို အမွှန်းတင်မည်ဆိုပါကမဖြစ်မနေပါသင့်သည်မှာ တဖြတ်ဖြတ်ပုတ်ခတ်တတ်သည့် ကော့ညွတ်နေသည့်မျက်တောင်ရှည်ရှည်ကလေးများပင်။

မျက်ခုံးနက်နက်တို့မှာတော့ စိတ်ဆိုးမိလျှင်ပင် ငြိုငြင်စရာတစ်စက်ကလေးမှရှိမနေအောင် ချော့မြူနေသယောင်လး။

ရင်ခွင်ထဲကကောင်လေး၏ပါးမို့မို့ ကိုသူငုံ့ကာနမ်းချင်သော်လည်း ခွင့်မတောင်းဘဲ နမ်းဖို့အတွက်သူလိပ်ပြာမလုံ။

The Villain || U+ZWhere stories live. Discover now