28 ( U+Z )

3.2K 343 27
                                    

"အားလျှံ မအိပ်သေးဘူးလား"

ဒီကောင်လေးအခုနောက်ပိုင်း ညတိုင်းလိုလိုနောက်ကျမှအိပ်ရာဝင်တတ်လ်ို့ ဈာန်လင်းထက် လှမ်းခေါ်နေခြင်းဖြစ်သည်။

အားလျှံက တနေကုန်အခန်းထဲကမထွက်ဘဲစာကြည့်စားပွဲမှာထိုင်ရင်းအချိန်ကုန်နေတာတစ်လနီးပါးရှိပြီ။

အခုလည်းညဆယ့်နှစ်နာရီထိုးနေတာတောင်စာကြည့်စားပွဲမှာအလုပ်ရှုပ်နေဆဲပင်။

"အားလျှံ ....."

ဈာန်လင်းထက်ကုတင်ပေါ်မလှဲချနိုင်သေးဘဲကောင်ငယ်လေရဲ့နာမကိုသာတစ်ဖွဖွလှမ်းခေါ်နေလေသည်။

သူဘာလုပ်နေလဲဆိုတာလည်း ဈာန်လင်းထက်မစပ်စုရဲသလို လုပ်လက်စကိုနားဖို့လည်း သူအကြံ့မပေးရဲ။

အားလျှံကသူ့ကိုဂရုမစိုက်ဘဲနေနေသည်ကိုပင်နည်းနည်းလေးမှစိတ်မနာတတ်တဲ့ ဈာန်လင်းထက်ကို အားလျှံအတော်အသည်းပေါက်မိသည်။

တကယ်ဆိုသူပြောသမျှပြန်မပြောနား‌မထောင်တဲ့အားလျှံကိုဈာန်လင်းထက်စိတ်ဆိုးစိတ်ကောက်သင့်သည်မဟုတ်ပါလော။

"ကျွန်တော်မအိပ်သေးဘူး။ခင်ဗျားငိုက်ရင်အရင်အိပ်နှင့်"

ဈာန်လင်းထက်ဖက်ကိုနည်းနည်းလေးမှလှည့်မကြည့်ဘဲလေသံမာမာနဲ့ပြောလာတဲ့နွေဦးလျှံ။

အားလျှံသည် ဈာန်လင်းထက်နဲ့တတ်နိုင်သမျှစကားနည်းအောင်သူအမျိုးမျိုးကြိုးစားနေခြင်းဖြစ်သည်။

အခုလည်းသူစာလုပ်နေတာက ဆေးတက္ကသိုလ်တစ်ခုမှာ ဘွဲ့တစ်ခု ထပ်ယူနိုင်ဖို့အတွက် ‌အစာအိမ်ရောဂါနှင့်ဆိုင်သည့်ကျမ်းစာကိုပြုစုရန်ပြင်ဆင်နေခြင်းသာ။

ဘွဲ့ယူကြမ်းမတင်မီသာမန်ကာလအားဖြင့် နှစ်နှစ်ကနေသုံးနှစ်အထိကြာတတ်လေတော့ ဒီနှစ်တွေအတွင်းဈာန်လင်းထက်နဲ့ အနေနီးသော်လည်းစိတ်ခံစားချက်ချင်းဝေးသည်ထက်ဝေးအောင်ကြိုးစားရန်ဖြစ်သည်။

ဘွဲ့ယူပြီးမှသူမချစ်မနှစ်သက်တဲ့ဈာန်လင်းထက်နဲ့တရား၀င်ကွာရှင်းပြီးဩဇီကိုအပြီးထွက်သွားရန်မှာအားလျှံရဲ့တစ်ခုတည်းသောဆန္ဒဖြစ်သလိုဘယ်သူမှမသိတဲ့လျှို့ဝှက်ချက်လည်းဖြစ်သည်။

The Villain || U+ZWhere stories live. Discover now