57 ( U+Z )

3.3K 308 9
                                    

အချိန်အားဖြင့်ဆိုသော် ညဆယ့်တစ်နာရီကျော်ကျော်ဆယ့်နှစ်နာရီထိုးခါနီးလောက်ဖြစ်သည်။

နှစ်ဆယ့်လေးနာရီအပြည့်ဖွင့်သည့် Bar ဆိုသော်လည်း ညသန်ခေါင်နီးလာကာမှလူပိုစည်လာတတ်သည်။

ထို Bar ပိုင်ရှင်သည် လူငယ်တစ်ဦးဖြစ်သဖြင့် Bar ၏အပြင်အဆင်နှင့် ဖျော်ဖြေရေး၊ ဆက်ဆံရေး၊ ဝန်ဆောင်မှု အစရှိသည်တို့အား လူငယ်တိုင်းသဘောကျမှုအပြည့်အ၀ရသည်။

Articles Music Band သည် Zan Bar ၏ attraction များထဲမှ တစ်ခုပင်။

တစ်ဖက်၌ လွတ်လွတ်လပ်ကခုန်နိုင်သည့် နေရာအလွတ်၏ မျက်နှာပြင်သည် အနည်းငယ်နိမ့်သောနေရာဖြစ်သည်။

သို့ဖြစ်၍ သီချင်းနားထောင်ကာ သောက်သူကသောက် ကခုန်ချင်သူများက ကခုန် ၊ သူ့နေရာနှင့်သူစည်းစနစ်ကျလွန်းနေသည်။ အုပ်စုဖွဲ့၍ စကားစမြည်ပြောနိုင်ရန်အတွက်လည်း ‌သီးသန့်နေရာရှိသေး၏။

party type အားသဘောမကျသူများအဖို့ သဘာ၀အလှတရားအား အေးအေးဆေးဆေးခံစားနိုင်ရန် bar ၏ အပေါ်ဆုံးထပ်၌ နှစ်ချို့ဝိုင်ကို ဇိမ်ခံသောက်ရင်း အချိန်ဖြုန်းနိုင်သည်။

Bar ပိုင်ရှင်သည် လူသိရှင်ကြားပင် မင်္ဂလာပွဲအားတခမ်းတနားနှင့်တရား၀င်ကျင်းပခဲ့သော်လည်းအများစုမှာမူ လူပျိုလူလွတ်ဟုသာထင်နေကြဆဲ။

အကြောင်းပြချက်ကား ထိုအမျိုးသား၏‌ရုပ်ရည်အသွင်အပြင်သည် ဆယ်ကျော်သက်တို့နှင့်ပင်ယှဉ်နိုင်နေသည့်အနေအထားမျိုးဖြစ်နေ၍ပင်။

US မှပြန်ရောက်ရောက်ချင်း ဆက်သွယ်လာသည့် Smile အား ကြွားရန် အားလျှံကို Bar သို့ ခေါ်လာခြင်းပင်။
အောက်ဆုံးထပ်ရှိ လွတ်နေသည့် စားပွဲဝိုင်းတဝိုင်း၌နှစ်ယောက်သားနေရာယူလျက်။

‌ဈာန်လင်းထက်သည် အားလျှံထံတန်ဖိုးကြီးနှစ်ချို့ဝိုင်တစ်ခွက် ကမ်းပေးသော်လည်း ကိုယ်၀န်ကရှစ်ပတ်ကျော်နေပြီဖြစ်သည့် အားလျှံသည်ခေါင်းခါ၍ငြင်းရှာသည်။

လိမ္မော်ရည်ကိုသာတစ်ငုံသောက်၍ပြုံးပြုံးလေးထိုင်နေသည့် ခင်ပွန်းသည်ထံမှ ဈာန်လင်းထက်အကြည့်မလွှဲနိုင်ပေ။

The Villain || U+ZUnde poveștirile trăiesc. Descoperă acum