36 ( U+Z )

3.1K 332 28
                                    

ဒီနေ့မနက်လည်း ကျွန်တော့်နံဘေးမှာကောင်ငယ်လေးကကွေးကွေးလေးနဲ့အိပ်နေမယ်ဆိုတာယုံကြည်မိပြန်တော့ နိုးနေပေမယ့်လည်းအရင်လိုသူ့နာမည်လေးကိုအော်ခေါ်မနေဘဲ ‌ငြိမ်‌နေမိတယ်။

နိုးနိုးချင်းဝင်မိတဲ့ ပထမဆုံးအတွေးက နွေဦးလျှံဆိုတဲ့ ကျွန်တော့်ကောင်ငယ်လေးနဲ့စတင်တော့ သူ့မျက်နှာနုနုလေးကိုလျစ်လျှူမရှုထားနိုင်ဘဲကျွန်တော်ခိုးကာကြည့်မိတယ်။

"အားလျှံ ......"

ကျွန်တော့်ကိုထားပြီးအဝေးထွက်ပြေးသွားတာလား။စောင်ကိုအသေအချာခေါက်ကာထားခဲ့တယ်။

ကျွန်တော့်ဘေးမှာ လွတ်နေတဲ့ အိပ်ရာပြင်အကျယ်ကြီး။

"အားလျှံ"

ကျွန်တော်ဆက်အိပ်နေဖို့ မဝံ့ရဲ။သူ့နာမည်စလေးကို အကြီးအကျယ်အော်ခေါ်ရင်း မျက်နှာသစ်နေလေမလား ဆိုပြီးရေချိုးခန်းထဲအပြေး‌သွားကြည့်မိသေးတယ်။

တကယ် ဒီကောင်လေးရှိမနေဘူးပဲ။ ကျွန်တော်သူထားခဲ့တာခံလိုက်ရတာများလား။

"အားလျှံ ...."

ကျွန်တော် အသက်ရှူဖို့တောင်မေ့နေမိတယ်။

ရင်ဖတ်တခုလုံးပေါက်ကွဲမတတ်ပါပဲ။

ကြောက်စိတ်နဲ့စိတ်ပူမှုတွေကရောထွေးနေတော့ကျွန်တော်ဇောချွေးပြန်မိတဲ့အထိ။

ဒီကောင်လေးကျွန်တော့်ကိုဒီလို အမြန်ထားခဲ့မယ်လို့ မတွေးခဲ့မိဘူး။

"အားလျှံ"

ကျွန်တော်အရူးတစ်ယောက်လိုပြေးလွှားရင်းအောက်ထပ်ဆင်းကာထပ်ပြီးအော်ခေါ်နေမိတယ်။

"အားလျှံ"

လှေကားအထစ်တို့အဆုံးရောက်တော့ မီးဖိုချောင်းထဲကနေအပြေးအလွှားပဲသူထွက်ပြေးလာပြီး အလောတကြီးမောဟိုက်ရင်းရှာနေမိတဲ့ကျွန်တော့်ဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတယ်။

တော်ပါသေးရဲ့ ...ဒီကောင်လေးရှိနေသေးလို့။

သူ့လက်ထဲမှာ ဟင်းချက်တဲ့ဇွန်းကြီးတစ်ချောင်းလည်းကိုင်ထားသေးတယ်။ တော်သေးတာပေါ့ သူကျွန်တော့်ကိုမထားခဲ့သေးလို့။

The Villain || U+ZWhere stories live. Discover now