Chapter-1 သူမကရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ဝံပုလွေတစ်ကောင်နဲ့လက်ထပ်ရမှာလား

8.3K 817 22
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - သူမက ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ဝံပုလွေတစ်ကောင်နဲ့လက်ထပ်ရမှာလား?

"ချိုးချိုး"

"ယွမ်ချိုးချိုး"

"ယွမ်ချိုးချိုး? ဘာဖြစ်နေတာလဲ၊ အကြီးအကဲက နင့်ကို စကားပြောနေတယ်လေ"

နွေးထွေးပြီး နူးညံ့မှုတွေနှင့်ပြည့်နေသည့် တိုးညင်းပြီး နှစ်လိုဖွယ်ကောင်းလှသော အသံတစ်ခုကို သူမနားထဲမှာ ကြားနေရသည်။ "ယွမ်ချိုးချိုး"ဆိုသော နာမည်ကို ထပ်ခါထပ်ခါ ခေါ်နေ‌လေသည်။

သူမ၏ပုခုံးကို တစ်စုံတစ်ယောက်က ညင်ညင်သာသာလေး တွန်းလိုက်သည်။ သို့သော် ယွမ်ချိုးချိုးမှာတော့ သူမ၏ ရင်ဘတ်တစ်ခုလုံး ပူလောင်နေပြီး နာကျင်နေတာကိုသာ ခံစားရသည်။ သူမ၏လက်တွေခြေတွေက နာကျင်နေပြီး တဆစ်ဆစ်ကိုက်ခဲနေသလို သူမခန္ဓာကိုယ်ကလည်း ရေခဲခန်းလိုပဲ အေးစက်နေသည်။

သူမကို ဘယ်သူစကားလာပြောနေတာလဲ? ယွမ်ချိုးချိုး မသိလိုက်မသိဘာသာ တွေးတောမိလိုက်သည်။ သို့သော် သူမရုတ်တရတ် သတိရသွားသည်။ သူမငှားထားသည့် ဌာနချုပ်၏အလယ်က မြေအောက်ခန်းထဲမှာ သူမအပြင် တခြားဘယ်သူများ ရှိနိုင်ဦးမှာလဲ။

ယွမ်ချိုးချိုး တုန်လှုပ်သွားမိသည်။ သူမခေါင်းထဲက ထုံထိုင်းနာကျင်နေမှုကို တောင့်ခံလိုက်ပြီး သူမ၏ မျက်လုံးတို့ကို အားတင်းပြီး ဖွင့်ကြည့်လိုက်သည်။ ရုတ်တရတ် သူမ လှပပြီး နှစ်လိုဖွယ်ကောင်းလှသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။

သူမ၏ရှေ့၌ နှစ်လိုဖွယ်ကောင်းသည့် အလှလေးက မမတ်တတ်ရပ်နေသည်။ မိုးမခပင်ကဲ့သို့ ကွေးနေသော မျက်ခုံးတန်းလေးများ ၊ မှေးစင်းနေသည့် ဖီးနစ်မျက်ဝန်းလေး ၊ ချယ်ရီရောင်နှုတ်ခမ်းလေးနှင့် နက်မှောင်နေ‌သောဆံနွယ်များကိုတော့ ရိုးရှင်းစွာ စီးနှောင်ထားလေသည်။ သူမသည် ဖြူဖွေးစွတ်နေသော အဖြူရောင်သားမွေးကို ဝတ်ဆင်လို့ထားသည်။ သူမ၏ မျက်ခုံးတန်းထောင့်နားရှိ မှည့်လေးက သူမကို တက်ကြွပြီး ဖြူစင်ပုံပေါ်စေသည်။ သူမတွင် လှပသည့် အကြည့်လေးလည်းရှိပြီး သူမ၏မျက်ဝန်းတွေကမူ စူးစိုက်ကြည့်နေ‌လေသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now