Chapter-72 မစ္စတာဝံပုလွေဆိုးကြီး၏မျက်ရည်များ

1.3K 224 19
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - မစ္စတာဝံပုလွေဆိုးကြီး၏ မျက်ရည်များ

"ဂူ ဝါး! (ချစ် ... ချစ်စရာကောင်းတယ်!?) ထန်းရှို့ခမျာ ထပ်မံထိတ်လန့် သွားရပြန်ပါပြီ။ ဤတစ်ကြိမ်တွင်တော့ သူ၏အသံကို ထိန်းချုပ်မထားနိုင်လိုက်ပဲ ယွမ်ချိုးချိုးအား ငေးကြောင်ကြောင် ကြည့်နေမိတော့လေ၏။

သိမ်းငှက်အစ်ကိုကြီး၏ နှုတ်သီးချွန်ချွန်မှာ ထပ်မံပွင့်ဟသွားပြန်သည်ကို သူမ,မြင်ရလေ၏။

အသံအကျယ်ကြီး ထပ်လုပ်ပြန်တော့မည့် သိမ်းငှက်ကြီးအား ကြည့်လိုက်ပြီး သူ့အသံကို မစ္စတာဝံပုလွေဆိုးကြီး ကြားသွားမည်ကို စိတ်ပူစွာ ယွမ်ချိုးချိုး သူမလက်ချောင်းကို အလျင်အမြန် နှုတ်ခမ်းပေါ်တင်ကာ "ရှူး"ဟူ၍ ထန်းရှို့အား တိတ်တိတ်နေရန် အချက်ပြလိုက်သည်။

မစ္စတာဝံပုလွေဆိုးကြီးသည် သတိမေ့ နေခြင်းဟုတ်ဘဲ အလွန်လည်း ရှက်တတ်သည်ကို သူမ,သိ၏။ အကယ်၍ သူသာကြားသွားပါက သူ၏ချစ်စဖွယ် အူမြည်သံလေးများကို နောက်ကြားနိုင်တော့မည်မဟုတ်။

သို့သော် ယွမ်ချိုးချိုး၏ သိမ်မွေ့ကာကြင်နာသည့် လှုပ်ရှားမှုမှာ ထန်းရှို့၏မျက်လုံးထဲတွင်မူ "ဂရုတစိုက်ရှိလှသည့်" အမူအယာသာ ဖြစ်ချေတော့၏။  

ဒဏ်ရာရနေသည့် ခင်ပွန်းသည်အတွက် တွေးပေးကာ သူမသည် အခြားသားရဲကြောင့် သူ့အား နိုးသွားစေမည်ကို သည်းမခံနိုင်ဖြစ်နေရှာခြင်း။ ထန်းရှို့သည် အလိုက်တသိပင် သူ၏နှုတ်သီးကို ပိတ်လိုက်တော့၏။ အနီရောင်သိမ်းငှက်ကြီးသည် လေထဲတွင် တောင်ပံနှစ်ဖက်ကိုမြှောက်ကာ သိမ်းငှက်တို့၏ တောင်းပန်သည့်ပုံစံကို ပြုလုပ်လိုက်၏။

သဲလင်းတသည် တိုးတိုးပြောလေသည် "ဂူး ..... (သိတာပေါ့ သိတာပေါ့ ၊ နားလည်တယ်ရယ် နားလည်တယ်)" ချစ်နေသူ၏မျက်လုံးထဲတွင် ချောမောလှပသည့် ဝံပုလွေတစ်ကောင်သာ ရှိနေရှာမည်ပင်။

ယွမ်ချိုးချိုး : "......." အနှီသိမ်းငှက်၏ဦးခေါင်း အဆင်ပြေသေးရဲ့လား?

"ပြန်သွားတော့လေ ၊ ဆောင်းဝက်ဝံမျိုးနွယ်စုက သားရဲတွေက ဆေးပင်ကိုအသုံးပြုဖို့ အရေးကြီးနေကြတုန်းပဲ" ယွမ်ချိုးချိုး ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူ့အား စတင်နှင်ထုတ်တော့သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now