Chapter-85 မိန်းမနဲ့အိပ်မယ်

1K 123 4
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - မိန်းမနဲ့အိပ်မယ်

ဘွားဘွားရူရီ၏ အလွန်ဘွင်းဘွင်းရှင်းရှင်း ရှိလှသောစကားများကြောင့် လူသားတစ်ဦးနှင့် ဝံပုလွေတစ်ကောင်တို့မှာ အနည်းငယ် ကို့ရို့ကားယား ဖြစ်ကုန်တော့သည်။

ယွမ်ချိုးချိုးမှာ သူမ၏မျက်နှာထက်ရှိ အပူအားဖိနှိပ်ရန် အပြင်းအထန်ကြိုးစားနေရ၏။ ပထမဆုံး သူမ ပစ္စည်းများကို ထုတ်ပိုးပြီးနောက် ညစာပြင်လိုက်သည်။

ရှောင်ဒိုဒိုနှင့် အခြားသားရဲများသည် ရာသီဥတုအား အတော်လေး ခံစားလွယ်ကြလေသည်။ တစ်နာရီခန့်မျှကြာပြီးနောက် ‌ဂူအပြင်ဘက်တွင် လေအေးသည် မြည်ဟီးတိုက်ခတ်လာ၏။ ရစ်ပတ်ကျဆင်းနေကြသည့် ကြီးမားသောနှင်းချပ်များသည် ဂူပေါက်ဝရှိ မြဲမြဲမြံမြံတည်ရှ်ိနေသော သစ်သားတံခါးဖြင့် ပိတ်ဆို့ခံထားရ၏။

လူသားတစ်ဦးနှင့် ဝံပုလွေတစ်ကောင်တို့သည် သူမတို့၏ယခင်ဂူတုန်းကကဲ့သို့ပင် ညစာကို တိတ်ဆိတ်စွာသာ အပြီးသတ်လိုက်သည်။ ထို့နောက် တစ်ယောက်စီသီးခြား သန့်စင်လိုက်ကြ၏။ 

ယွမ်ချိုးချိုးသည် မစ္စတာဝံပုလွေဆိုးကြီးအား ကူညီပေးချင်ခဲ့သော်လည်း ရွမ်းကျောင်သည် ယခု အတော်လေးကျန်းမာနေပြီဖြစ်သည်။ သူ၏အမျိုးသမီးလေးထံမှမြင်ခံရန် ဆန္ဒမရှိသည့် မြဲမြံလှသောဗီဇအလိုကြောင့် သူ သူမ၏အကူအညီအား ငြင်းဆန်လိုက်သည်။

ဤသတ်မှတ်ချက်ကြောင့် ယွမ်ချိုးချိုး သူ့အားအပြစ်မတင်ပါချေ။ ကျောက်မီးဖိုထဲသို့သာ ထင်းအချို့ထပ်ထည့်လိုက်ပြီး အခြားအခန်းတစ်ခုသို့ သွားလိုက်သည်။ သူမ အခြားတစ်ယောက်အိပ်ကုတင်ပေါ်တွင် ခြေချိတ်ထိုင်လိုက်ပြီး အရင်ဆုံး ကျင့်ကြံရန် ရည်ရွယ်လိုက်၏။ ကျင့်ကြံပြီးနောက် ပြန်ယူလာခဲ့သည့် အစိမ်းရောင်ဝါလမင်းများကို ညတွင်းချင်း လုပ်နိုင်လိမ့်မည်။

သူ သူမအား ငြင်းလိုက်ပြီးမှ နောင်တရနေတော့သည်။ ဝုဖ်အား အမျိုးသမီးလေး ပြန်လာကူညီရန် မည်ကဲ့သို့လုပ်ရမည်ကို ရှုပ်ထွေးနေသည့်အချိန်တွင် စကားဟရန် အလွန်နောက်ကျသွားပြီဖြစ်ရာ ယွမ်ချိုးချိုး ထွက်ခွာသွားသည်ကိုသာ ကြည့်နေရတော့၏။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now