Chapter-12 ဆောင်းညတစ်ည၏ပထမဆုံးပူပူနွေးနွေးအစားအစာတစ်နပ်

4.1K 564 6
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title - ဆောင်းညတစ်ည၏ပထမဆုံး ပူပူနွေးနွေးအစားအစာတစ်နပ်

ယွမ်ချိုးချိုး အမှန်တကယ်ပင် အနည်းငယ်ကြောက်လန့်သွားသည်။ ကြွက်တက်နေဆဲဖြစ်သည့် သူမ၏ခြေထောက်များကိုပင် ဂရုမစိုက်နိုင်။ ကုတင်ပေါ်မှ တုံးတုံးတိုက်တိုက်ဆင်းချကာ သူနှာခေါင်းအား စစ်ဆေးရန် ပြေးသွားလိုက်သည်။

အလွန်နှေးသော်ငြား သူအသက်ရှူနေဆဲပင်။

သူအလွန်ဆိုးဆိုးဝါးဝါးကို နာကျင်ထားရသည်ကို ယွမ်ချိုးချိုးသိသည်။ သူသည် သားရဲတစ်ကောင်ဖြစ်သည် ဆိုလျှင်တောင် ဘာကိုမျှမခံစားနိုင်တာမျိုး မဟုတ်ပေ။

သူမ စတွေ့သည့်အချိန်တုန်းကထက် ယခုအချိန်တွင် မစ္စတာဝံပုလွေသည် ဘယ်လောက်တောင် သေးငယ်နေသည်လဲဆိုသည်ကိုပါတွဲမြင်မိကာ သူမ စစရောက်သည့်အချိန်က မြင်ခဲ့သော ဝံပုလွေလေးကိုလည်း သတိရသွားသည်။

မစ္စတာဝံပုလွေဆိုးကြီးသည် ပို၍လည်းကြီးလာနိုင်ပြီး ပို၍သေးသွားသည်လည်း ဖြစ်နိုင်မည်ဟု ယွမ်ချိုးချိုး တွေးမိသည်။ 

ဘာကြောင့်များ သူမသတ္တိတွေ သိပ်ကောင်းနေရသလဲ ဆိုသည်ကို သူမလည်းမသိ။ ထောင်မတ်နေသော အမွှေးထူထူနားရွက်ကြီးနားသို့ သူမ ကျယ်ကျယ်လောင်လောင် အော်မေးလိုက်သည် "ယောက်ျား ရှင်ပိုသေးလို့ရတယ်လား?"

သူ့နှာခေါင်းပေါက်ဝတွင် သူမ၏အနံ့ပိုမိုအားကောင်းလာသည်ကိုသာ မစ္စတာဝံပုလွေဆိုးခံစားမိသည်။ "ပိုသေးလိုက်"ဟု သူမပြောသည်ကို သူကြားလိုက်ရပြီး မေ့မြောလုနီးဆဲဆဲတွင်ပင် သူ့မှာ အကူအညီမဲ့သလို ခံစားသွားရတော့သည်--

အိုး လူသားတွေများ ကျေး(ဂျေး)ကိုများလွန်းတယ်။

ဒါပေါ့ သူ သေးလို့လည်းရပြီး အကြီးကြီးလည်းဖြစ်လို့ရတယ်။

သူ၏ဆိုးရွားလှသော ဒဏ်ရာများကြောင့်သာ မဟုတ်လျှင် သူ၏အရွယ်အစားမှာ ငါးမီးတာထက်တောင် ပိုကြီးနိုင်သည်။

ဝံပုလွေဆိုးကြီး တုံ့ပြန်သည်ကို မမြင်တော့ ယွမ်ချိုးချိုး ထပ်ပြောလိုက်ပြန်သည် "ရှင် ပိုသေးလို့ရတယ်လားလို့?"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now