Chapter-18

3.3K 544 53
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်

Title-သူတော့မီးခိုးဖျော့ရောင်ဝံပုလွေSlowpokeထက်ပိုရုပ်ဆိုးပြီး ပိုဆိုးဝါးလာတော့မယ်

သားရဲ၏ခြေဖဝါးသုံးဖက်နောက်တွင် တရွတ်တိုက်တွဲကျနေသည့် အရုပ်ဆိုးသောပြည်တည်နာများဖြင့် အမြီးနှစ်ချောင်းနှင့် ဆူးချွန်များပါရှိနေသည့်အမြီးတစ်ဝက်ကိုကြည့်ရင်း မစ္စတာဝံပုလွေဆိုးကြီးသည် သားရဲ၏အဆင့်နှင့်အမျိုးအစားကို ချက်ချင်းပင် ခွဲခြားလိုက်သည်။

၎င်းမှာ ဆာလောင်နေသော ဒုတိယအဆင့် သို့မဟုတ် တတိယအဆင့် မကောင်းဆိုးဝါးပင်ဖြစ်သည်။

ဤမကောင်းဆိုးဝါးအမျိုးအစားသည် အဆင့်နိမ့်မှ အလယ်အလတ်အဆင့်အထိရှိကြသည့် သားရဲများဖြစ်သည်။ အသိဉာဏ်သိပ်မရှိဘဲ လူသားများ သို့မဟုတ် သားရဲများကို အငမ်းမရဝါးမြိုဖျက်ဆီးစားသောက်လိုသည့် ဗီဇသာရှိသည်။

၎င်း ဤနေရာတွင် ပေါ်လာရသည့် အကြောင်းအရင်းမှာ ၎င်းအား အလွန်ဆာလောင်စေကာ အသိစိတ်ပျောက်ဆုံးသွားစေသည့် သည်းသည်းမဲမဲကျဆင်းနေသော နှင်းများကြောင့်ဖြစ်မည်မှာ ၈၀%သေချာသည်။

"ကလစ်" ၊ "ကလစ်"

ထူးဆန်းသောဆွဲငင်အားဗဟိုနှင့်သားရဲသည် သူ၏ပတ်ပတ်လည်ရှိ လူသားအနံ့ကို အနံ့ခံရင်း နှင်းများပေါ်တွင် လျှောက်လာကာ ဂူဆီသို့ ဖြည်းဖြည်းချင်း လှမ်းလာနေသည်။

မစ္စတာဝံပုလွေကြီးသည် သူ၏မျက်တောင်များကို နှစ်ကြိမ်ခတ်လိုက်သည်။ ထို့နောက် အပြာဖျော့ဖျော့မျက်ဝန်းအိမ်အစုံမှာ ခပ်မှိန်မှိန်သွေးရောင်ဖြင့် ဖြည်းဖြည်းချင်း တဖိတ်ဖိတ်တောက်လာတော့သည်။

အနှီသားရဲသည် မည်မျှပင်ဆာလောင်နေပါစေ ပြဿနာမရှိ။ ၎င်းသည် သူ့အားစားရန် သို့မဟုတ် မီးခိုးဖျော့ရောင်ဝံပုလွေ "Slowpoke"အား သဘောကျနေသည့် သူ၏...အမျိုးသမီးလေးအားစားရန် ဂူထဲသို့ဝင်လာမည်ကို သူခွင့်မပြုပါပေ။

သူ၏ကျဉ်းမြောင်းရှည်လျားသောမျက်လုံးများမှာ စူးစိုက်သွားပြီး မူလအတိုင်း ချောမွတ်နက်မှောင်နေသော မစ္စတာဝံပုလွေဆိုးကြီး၏ ဆံပင်ရှည်များတွင်လည်း ရုတ်ချည်းပင် အမွှေးထူထူဝံပုလွေနားရွက်တစ်စုံ ဖြစ်ပေါ်လာသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now