Chapter-75 ရှောင်မင်နှင့်ရှဲ့ချင်

1.3K 194 8
                                    

Clickကြပါ Clickဖို့မမေ့ကြပါနဲ့🌻

Title - ရှောင်မင်နှင့်ရှဲ့ချင်

အစ်ကိုကြီးရှောင်ယွမ်က "ငါတို့မျိုးနွယ်စုက ဆင်းရဲလို့"ဟူသော စကားကို ပြောလာသောကြောင့် ရှောင်ဒိုဒိုမှာ ရုတ်တရတ် ပြောစရာစကားမဲ့သွားရတော့သည်။ 

အမှန်မှာ ရှောင်ဒိုဒို အလွန်ငယ်ရွယ်သေးသည့်အချိန်တုန်းက ဆောင်းဝက်ဝံမျိုးနွယ်စုသည် အလွန်မဆင်းရဲဘဲ အနီးအနားရှိ မျိုးနွယ်စုများနှင့်ယှဉ်လျှင် အတော်အသင့် ချမ်းသာကြွယ်ဝသည်ကို သူ ခပ်ရေးရေးမှတ်မိနေသည်။

ထိုအချိန်တုန်းက စုန်းမနှင့် များစွာသောအကြီးအကဲများမှာ အသက်ရှင်နေကြဆဲပင်။ သူ ကလေးအရွယ်တုန်းက ဆောင်းတွင်းတိုင်းတွင် မဆာလောင်ခဲ့ရပေ ၊ ထို့ပြင် လူတိုင်းသည်လည်း ဆေးပင်များမရှိကြသည့် အခြေအနေသို့ ဘယ်တုန်းကမျှ မကျရောက်ခဲ့ရဖူးပါပေ။

သို့သော် နောက်ပိုင်းတွင်မူ မျိုးနွယ်စုစုန်းမနှင့် အကြီးအကဲများသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသူက ထွက်ခွာသွားကာ သေဆုံးသူက သေဆုံးသွားကြပြီး ဆောင်းဝက်ဝံမျိုးနွယ်စုမှာ တဖြည်းဖြည်းနှင့် ကျဆင်းလာခဲ့တော့သည်။

မပြောင်းမလဲ ကျန်ရှိနေခဲ့သည့် အရာသည်ကား "မည်သည့်သားရဲကိုမှ လက်မလျှော့လိုက်လေနှင့်"ဆိုသည့် အကြီးအကဲများ၏ ခံယူချက်သာ ဖြစ်လေ၏။

သူတို့၏ ဆောင်းဝက်ဝံမျိုးနွယ်စုသည် တုံးအသည်ဟု ပြောဆိုကြသည့် အခြားမျိုးနွယ်စုမှသားရဲများ မကြာခဏရှိလေသည်။ သိသာထင်ရှားစွာပင် ပိုသန်မာသော ဝက်ဝံများသည် မစားနိုင်ဖြစ်နေသော်လည်း သူတို့သည် အသက်ကြီးသူများ ၊ အားနည်းသူများနှင့် ဖျားနာနေသူများကို ဂရုစိုက်ပေးရသည်။ (ဒီနေရာက 'မစားနိုင်'ဆိုတာက ဆင်းရဲလို့ ကောင်း"မစားနိုင်တာမျိုးကို ရည်ညွှန်းပါတယ်)

ထို့အပြင် သူတို့မျိုးနွယ်စု၏ မွန်မြတ်မှုကိုသိထားသောကြောင့် သူတို့သည် ချို့ယွင်းချက်နှင့် မွေးဖွားလာသည့် ကလေးငယ်များကို ဆောင်းဝက်ဝံမျိုးနွယ်စုဆီသို့ တမင်သက်သက်ပင် လာပစ်ကြတော့သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now