Chapter - 28 ဒီညအတွက် ဥရှိပြီ

3.2K 531 26
                                    

Title - ဒီညအတွက် ဥရှိပြီ

မစ္စတာဝံပုလွေဆိုးကြီး သူ၏အမြီးအကြီးကြီးအား ထပ်ခါထပ်ခါခံစားကြည့်နေသည့်အချိန်တွင် ယွမ်ချိုးချိုးသည်ကား မိုယွီနေထိုင်သည့်ဂူဆီသို့ အလျင်အမြန်ပြေးသွားတော့၏။

ကလေးမှာ အလွန်ပင်ပိန်ပါးပြီး ပေါ့လေသည်။ သယ်ရသည်မှာ မစ္စတာဝံပုလွေဆိုးကြီးထက် မြောက်များစွာ ပိုလွယ်ကူလေ၏။

သူမတွင် အခက်အခဲအနည်းငယ် ရှိပါသော်လည်း  အင်အားအများကြီးစိုက်ထုတ်ရန်တော့ မလိုအပ်။

မိုယွီ၏ဂူသည် သူမနှင့်မစ္စတာဝံပုလွေတို့၏အိမ်နှင့် အများကြီးမဝေးပါပေ။ လေနှင့်နှင်းသာမရှိလျှင် နာရီဝက်ဖြင့် ရောက်သွားလိမ့်မည်။ 

သို့သော်ငြား ဤကဲ့သို့နှင်းထူသောနေ့တွင် ကလေးတစ်ယောက်ကို သယ်ထားရခြင်းမှာ အချိန်အတော်ပင် ကုန်လေ၏။

ယွမ်ချိုးချိုးနှင့်မိုယွီတို့ ဂူငယ်လေးသို့ ရောက်ရှိကြသည့်အချိန်တွင် တစ်နာရီကုန်ဆုံးသွားပြီဖြစ်၏။

မိုယွီသည် မနိုးလာသေးသော်ငြား သူ၏ခန္ဓာကိုယ်ထဲရှိ မှော်စွမ်းအင်များမှာမူ ရှင်းလင်းသွားပြီဖြစ်သည်။

ယွမ်ချိုးချိုး ဂူငယ်လေး၏အပေါက်ဝတွင် ရပ်လိုက်ပြီး ညင်သာစွာ အော်လိုက်သည် "မင်ရေ ၊ အစ်မ ယွမ်ချိုးချိုးပါ ၊ မင်းရဲ့အစ်ကိုကို ပြန်လာပို့တာ"

ဂူထဲတွင် အသံတချို့ ဖြစ်ပေါ်လာသည်။ ထူထဲသော တိရစ္ဆာန်အရေခွံခန်းဆီးသည် မတင်ခံလိုက်ရပြီး ချစ်စရာကောင်းသည့် မိုမင်လေး ထွက်လာလေ၏။

"မမချိုးချိုး" မိုမင်သည် ယွမ်ချိုးချိုးအား ပြုံးပြလာပြီး ဘေးပတ်ပတ်လည် ‌ကြည့်နေ၏ "မမက ဘာလို့ ဒီမှာရှိနေတာတုန်း?"

"အာ ၊ ဒုတိယအစ်ကို" ရှောင်မင်သည် သူမ၏ကျောပေါ်ရှိ မိုယွီကိုမြင်သွားပြီးနောက် သူ၏ကိုယ်ပေါ်က သွေးကွက်များကိုလည်း မြင်လိုက်ရလေ၏။ မျက်နှာသေးသေးလေးမှာ ရုတ်ချည်းပင် ဖြူဖျော့သွားရ၏ ၊ ယွမ်ချိုးချိုးအား ထိတ်လန့်စွာကြည့်လိုက်ရင်း သူမ၏အသံမှာတုန်ခါနေကာ ပြော၏ "သူ သူက အရမ်းလောဘကြီးတာ ၊ ဝံပုလွေတစ်ကောင်ကောင်ဆီက အရိုက်ခံလာရတာလား?"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now