Chapter-47 မမြင်ရဘူး

2.6K 427 25
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - မမြင်ရဘူး

တောအုပ်အလယ်တွင် ခပ်တုံးတုံးဝက်ဝံနှစ်ကောင်နှင့် ဆုံတွေ့ခဲ့ပြီးနောက် သိမ်းငှက်ကြီးသည် တိရစ္ဆာန်အရေခွံအိတ်ကို တောင်ပံတစ်ဖက်ဖြင့်ကာ,ကာ အခြားတောင်ပံတစ်ဖက်သည် နှင်းနှင့်မိုးကိုအံတု ရုန်းကန်နေ‌ရ၏။

သူ ခဏတာပျံသန်းခဲ့ပြီး ကံကောင်းစွာဖြင့် နောက်ထပ်မြင့်တက်နေသော ကျောက်နံရံတစ်ခုကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူ မြေပြင်ပေါ်ဆင်းကာ ညလယ်တွင် ထိုအောက်၌ပုန်းခိုနေလိုက်၏။

ယခုအချိန်တွင် သူသည် ငါးဖြစ်မလာနိုင်သည်ကို သဘောပေါက်နားလည်သွားလေပြီဖြစ်သည့် သဲမျိုးနွယ်စု၏ အရွယ်ရောက်အနီရောင်တောင်ပံသိမ်းငှက်တစ်ကောင် ဖြစ်နေလေပြီ။ မိုးသည် သူ၏သိမ်းငှက်သားမွေးများကို ငါးအရေပြားကဲ့သို့ ချောမွတ်ကာ နူးညံ့မနေစေဘဲ မသက်မသာ,သာဖြစ်စေသည်။

သိမ်းငှက်ကြီး ထန်းရှို့သည် သူ၏တောင်ပံတစ်စုံကို တောအုပ်အစွန်ရှိရာဆီ ဆက်လက်ပျံသန်းရန် တွန်းအားမပေးမီ ရေခဲမိုးများ ပေါ့ပါးသည့်နှင်းမိုးအဖြစ် ပြောင်းလဲသွားချိန်ထိ ကျောက်နံရံအောက်တွင် စောင့်နေခဲ့လေသည်။

ထန်းရှို့သည် အလွန်ကွာဝေးသည့် သဲမျိုးနွယ်စုမှလာကာ လေးရက်ငါးရက်ကြာအောင် ပျံသန်းလာခဲ့ပြီးဖြစ်ရာ သူသည် ယခုအချိန်တွင် အမှန်ပင် အတော်လေး ပင်ပန်းနေလေပြီ။

အကွာအဝေးသည် အလွန်ကိုကွာသောကြောင့် မိုင်ထောင်ပေါင်းများစွာကို အသံပို့လွှတ်ရန်ဆိုသည်မှာလည်း အဆင့်ငါးအောက်ရှိ သားရဲများအတွက် မဖြစ်နိုင်ပါပေ။ ထို့ပြင် တိုက်ကြီးတစ်ခုလုံးတွင် အထူးစာပို့စနစ်လည်း မရှိပေ။ ရွမ်းကျောင်၏ မတော်တဆမှုသည် ဆယ်ရက်ပင်ကျော်ခဲ့လေပြီ။

ခြသေ့်ဆီက သတင်းများကိုကြားပြီးနောက် ထန်းရှို့သည် အမှန်တကယ်ပင် အပြစ်ရှိသလို ခံစားနေရ၏။

သူ လမ်းတစ်လျှောက်လာခဲ့ပြီး ဘေးကင်းကာလူသူကင်းရှင်းသည့်လမ်းကို ရွေးချယ်ခဲ့သော်လည်း သူ မျိုးနွယ်စုအများကြီးနှင့် တွေ့ဆုံခဲ့ရသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now