Chapter-62 ဝံပုလွေပေါက်လေး

2.2K 359 24
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်❤️

Title - ဝံပုလွေပေါက်လေး

ချင်းရူရီသည် ထွက်မသွားခင် ယွမ်ချိုးချိုးအား ဂူဝင်ပေါက်သို့ ဆွဲခေါ်သွားလေသည်။

ဘွားဘွားရူရီသည် ဂူဝင်ပေါက်ရှိ အသစ်ဖြစ်ဟန်တူသည့် "သစ်သားတံခါး"အား ထိလိုက်သည် "မင်းရဲ့ဝံပုလွေပေါက်က ဒီလိုလက်မှုပညာမျိုးကို လုပ်တတ်မယ်လို့ ဘွားဘွား ထင်မထားမိဘူး"

ယွမ်ချိုးချိုးသည် "ဝံပုလွေပေါက်လေး‌"ဆိုသောစကားကြောင့် သဘောတကျဖြစ်သွားရသည်။ တံခါးအောက်ကအစွန်းတွင် ကျန်ရှိနေဆဲဖြစ်သည့် သွေးအစွန်းအစတို့အား ညင်သာစွာပွတ်သပ်လိုက်ရင်း သူမ၏စိတ်တို့သည် သူမအပြင်းအထန်ဖျားခဲ့သည့် ညအချိန်သို့ ပြန်ရောက်သွားပုံရ၏။  

ချင်းရူရီသည် သူမ၏အမူအယာအား ကြည့်လိုက်ပြီးနောက် ရွမ်းကျောင်အပေါ်ရှိ ယွမ်ချိုးချိုး၏သဘောထားအား သူမ,ခန့်မှန်းလိုက်နိုင်၏။

ဘွားဘွားရူရီ တွန့်ဆုတ်စွာဖြင့်ပင် သူမအား မေးလိုက်သည် "ချိုးချိုး ၊ ဝံပုလွေပေါက် မင်းအပေါ်ဆက်ဆံပုံကို မင်းဘယ်လိုထင်လဲ?"

ဘွားဘွားရူရီသည် ဤမေးခွန်းအား မေးလာလိမ့်မည်ကို ယွမ်ချိုးချိုး မျှော်လင့်မထားမိပေ။ သို့သော်လည်း အံ့ဩသွားပြီးနောက် သူမ ထူးထူးဆန်းဆန်း ရှက်ရွံ့နေစွာပင် ပြန်ဖြေလိုက်သည် "အမ် သူက ဝံပုလွေကောင်းတစ်ဉီးပါ...."

အမှန်မှာ သူမသည် ရွမ်းကျောင်သတိရနေသည့်အချိန်တွင်လည်း သူနှင့် စကားအများကြီး မပြောဖြစ်ပေ။ ထို့ပြင် ဝံပုလွေသည် စကားအများကြီး မပြောတတ်ပေ။ သူ မည်သည်တို့အား စဉ်းစားနေသည်ကို သူမ,မခန့်မှန်းနိုင်။

သူမသည် သနားစရာကောင်းသည်ဟု သူခံစားရသောကြောင့် သူမအား အချိန်တစ်ခုလောက်ထိ ခေါ်ထားပေးသည်လား သို့မဟုတ် သူ့အား ကုသပေးသောကြောင့် သူမအားကျေးဇူးတင်နေသည်လား သို့မဟုတ် အခြားအကြောင်းပြချက် တစ်ခုခုလားဆိုသည်ကို သူမ,မသိပါချေ။

မတိုင်မီက သူမသည် ခဏတာနေထိုင်ရန်အတွက် နေရာတစ်ခုရှာချင်ခဲ့ရုံဖြစ်ပြီး ဒဏ္ဍာရီလာ မစ္စတာဝံပုလွေဆိုးကြီးအား ကုသပေးခဲ့ခြင်းမှာ ဖြတ်သွားဖြတ်လာသဘောမျိုးသာ ဖြစ်ခဲ့သည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now