Chapter-17 မစ္စတာဝံပုလွေဆိုးကြီးကသူဟာအစားထိုးတစ်ယောက်ပဲလို့တွေးနေတယ်

3.7K 522 32
                                    

Clickဖို့မမေ့ကြပါနဲ့ရှင့်🌻

Title - မစ္စတာဝံပုလွေဆိုးကြီးက သူဟာအစားထိုးတစ်ယောက်ပဲလို့တွေးနေတယ်

ယွမ်ချိုးချိုးသည် 'Slowpoke'ဟုခေါ်သော ဝံပုလွေကြီးတစ်ကောင်ကို ကြိုက်နေလောက်သည်ဟု သူတွေးနေသည့်အချိန်၌ သူ၏နှလုံးသားထဲတွင် ပြောမပြတတ်သော ခံစားချက်တစ်ခု ဖြစ်ပေါ်လာလေသည်။

အဲ့လူသားမျိုးနွယ်က ဘာကြောင့်များ အမြင်မရှိရတာလဲ?

မစ္စတာဝံပုလွေဆိုးကြီးသည် အကြောင်းပြချက်မရှိဘဲ စိတ်တိုနေပါသည်။

မည်ကဲ့သို့သော ဝံပုလွေဆိုးကြီးအမျိုးအစားကို 'Slowpoke'ဟု ခေါ်ပါသနည်း?

'Slowpoke'ဟုခေါ်သည့် ဝံပုလွေတစ်ကောင်။

ထိုဟာသည်မည်သည်ကိုဆိုလိုမှန်း သူ,မသိသော်လည်း ထိုဟာမှာ ကိုယ်ပိုင်အသိစိတ်တောင်မရှိသည့် အဆင့်နိမ့်သတ္တဝါတစ်ကောင်ဖြစ်ပုံရသည်ကိုတော့ သူသိသည်။

'Slowpoke'ဟုခေါ်သည့် မီးခိုးဖျော့ရောင် ဝံပုလွေဆိုးကြီးသည် ရုပ်ဆိုးဆိုးနှင့် မီးခိုးဖျော့ရောင် ဝံပုလွေတစ်ကောင် ဖြစ်ရမည်။

သို့သော်လည်း သူမသည် ဤကဲ့သို့သော ပျော်ရွှင်နေသည့်အသံဖြင့် ထိုဝံပုလွေ သူမအား ကူညီရန် မျှော်လင့်နေသေးသည်။

ဤဂူထဲတွင် ဝံပုလွေတစ်ကောင်နှင့် လူသားတစ်ယောက်သာ ရှိသည်လေ ၊ ဒါကို သူမ,သိသင့်ပါသည်။

နောက်ထပ်တစ်ဖန် သူ၏လက်သည် ဝံပုလွေလက်သည်းများ ဖြစ်လာပြန်သည်။ ထို့နောက် သူသတိပြုမိသွားသည့်အချိန်တွင် သူခုနကလေးတင်မှ တိတ်တိတ်လေးချုပ်ထားသော သူ၏အောက်ရှိသားရေထည်မှာ သူ၏လက်ထဲတွင် နောက်တစ်ကြိမ် ဖမ်းဆုပ်မိပြီးသား ဖြစ်နေလေသည်။

မစ္စတာဝံပုလွေဆိုးကြီးတွင် မှောင်မိုက်သည့် အတွေးတစ်ခုပင် ဖြစ်တည်လာတော့သည်။ အကယ်၍ သူမသည် 'Slowpoke'ဟုခေါ်သည့် ဝံပုလွေကြီးကို သဘောကျနေလျှင်တောင် ယခုအချိန်တွင် သူမသည် သူနှင့် လက်ထပ်ထားပြီဖြစ်သည်။

မသန်မစွမ်း ၊ ပုံပျက်ပန်းပျက်ဖြစ်နေပြီး အရာရာတိုင်းကိုဆုံးရှုံးလိုက်ရသည် ဝံပုလွေဆိုးကြီးတစ်ကောင်ဖြစ်သည့် သူနှင့် လက်ထပ်ထားသည်။

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now