Chapter-45 သူတို့အလွန်နီးကပ်နေသည်ဟုမစ္စတာဝံပုလွေထင်မိသည်

2.7K 466 23
                                    

Clickဖို့ မမေ့ကြပါနဲ့ရှင့်❤️

Title - သူတို့အလွန်နီးကပ်နေသည်ဟု မစ္စတာဝံပုလွေထင်မိသည်

ထူးခြားစွာထင်းထွက်နေသည့် အရိုးများနှင့် လက်ဖဝါးအကြီးကြီးသည် တိရစ္ဆာန်အရေခွံစောင်ကို ဂရုတစိုက် ဆုပ်ကိုင်လိုက်၏။ လေအေးများကို ဖြတ်ခွင်းလျက်လက်ချောင်းထိပ်ထူထူလေးများသည် အမွှေးပွပွ တိရစ္ဆာန်အရေခွံအိပ်ယာခင်းကို ပွတ်သပ်သွား၏။ အအေးဓာတ်ကိုမကြောက်ရွံ့စွာ ယွမ်ချိုးချိုးရှိရာဆီ တဖြည်းဖြည်းချင်း ဆန့်တန်းသွားလေ၏။

တိတ်ဆိတ်နေသည့်ဂူထဲတွင် ပို၍ပို၍မြန်ဆန်လာသည့် ရွမ်းကျောင်၏နှလုံးခုန်နှုန်းများကသာ တစ်ခုတည်းသောအသံဖြစ်၏။ 

ဝုဖ်တစ်ယောက် သူမအားပြန်ထိရန် တွေးထားသော်ငြား အမှန်တကယ်ကား သူသည် ယွမ်ချိုးချိုးအား လွှမ်းခြုံထားသည့် သားရေထည်ကိုသာ အလွန်ဂရုတစိုက်ထိလိုက်ခြင်းပါ‌ပေ။

(စောင်ကို)တိတ်တိတ်ကလေးဟလိုက်ပြီး သူမ၏လက်ဖဝါးကို ဖြည်းဖြည်းချင်း ထိလိုက်၏။

အေးမြနေသောလက်ချောင်းထိပ်များသည် ဇနီးလေး၏နူးညံ့သောလက်ဖဝါးကို ထိသွား၏။ နွေးထွေးသည့်အထိအတွေ့ကို သူခံစားရ၏။ နားရွက်ချွန်ချွန်လေးများသည် မတတ်နိုင်စွာ ညင်ညင်သာသာလှုပ်ယမ်းသွား၏။

သို့သော်မကြာမီတွင် သူမ၏ခန္ဓာကိုယ်အပူချိန်သည် ခါတိုင်းထက် ထူးခြားနေသည်ကို သူသတိပြုမိသွား၏။ သူ၏နှလုံးသားထဲတွင် ပေါင်းပင်များကဲ့သို့ ကြီးထွားနေသည့် ပျော်ရွှင်မှုနှင့် စကားပြောရန်ရှက်နေသောအတွေးများသည် အလျင်အမြန်ပင် ပျောက်ကွယ်သွားတော့၏။

အဘယ့်ကြောင့် အရမ်းအေးနေရသနည်း? 

သူမ ဖျားနေသည်လား?

သူ၏မှော်စွမ်းအင်ကြောင့်လား..........

ရွမ်းကျောင် နှလုံးသားအောက်ခြေမှပင် စိုးရိမ်သွားရ၏။ သူ၏နှုတ်ခမ်းပါးများအား အသာအယာပင့်ဟလျက် လည်ချောင်းအတွင်းမှ ဩရှကာတိုးညင်းသည့် အသံတစ်ခုကို ပြုလုပ်ကာ မဝံ့မရဲခေါ်လိုက်၏ "......ချိုးချိုး?"

နှလုံးသားနူးညံ့သောဗီလိန်နှင့်လက်ထပ်ခြင်း [ဘာသာပြန်]Where stories live. Discover now